အညာဒေသသို့ လက်နက်ကြီးတပ်ဆင်မည့် "မမများနဲ့ပွဲကမယ်" ကမ်ပိန်း သိန်းပေါင်း ၂၇,၇၀၀ ဖြင့် အောင်မြင် 

အညာဒေသသို့ လက်နက်ကြီးတပ်ဆင်မည့် "မမများနဲ့ပွဲကမယ်" ကမ်ပိန်း သိန်းပေါင်း ၂၇,၇၀၀ ဖြင့် အောင်မြင် 

August 1

စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်း အညာဒေသပြည်သူ့ကာကွယ်ရေးတပ် များအတွက် လက်နက်ကြီးများတပ်ဆင်ပေးနိုင်ရန်ရည်ရွယ်လုပ်ဆောင်သည့် "မမများနဲ့ပွဲကမယ်" သိန်း ၁၅,၀၀၀ ကမ်ပိန်းသည် ကျပ်သိန်းပေါင်း ၂၇,၇၀၀ ဖြင့်အောင်မြင်သွားပြီဖြစ်သည်။

ယနေ့ သြဂုတ်လ ၁ ရက်တွင် စစ်ကိုင်းအောင်ပွဲပြည်သူ့အောင်ပွဲ ခေါင်းစဉ်ဖြင့် ကမ်ပိန်းအောင်မြင်ပြီဖြစ် ကြောင်း မမများနဲ့ပွဲကမယ် လူမှုကွန်ရက်စာမျက်နှာမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။ 
အဆိုပါ အလှူငွေရှာဖွေရေးကမ်ပိန်းအား ဇွန်လ ၂၆ ရက်နေ့တွင် စတင်ခဲ့ပြီး တစ်လအကြာ ဇူလိုင်လ ၂၆ ရက်နေ့တွင် သတ်မှတ်ထားသည့်ပမာဏထက် သိန်းပေါင်း ၁၂,၇၀၀ အပိုရရှိကာ အောင်မြင်ခြင်းဖြစ် သည်။

“ မာရသွန်ပြေးပွဲတစ်ခုလိုပါပဲ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ကနေ အမတို့တာ ထွက်လာတယ်၊ မမပရောဂျက်မှာ အနုပညာရှင်တွေပါတယ်၊ မီဒီယာတွေပါတယ်၊ ပြည်သူပါတယ်၊ အဆင့်ဆင့် လက်ဆင့် ကမ်းပြီးသယ်သွားကြတာ၊ အခုလိုပန်းတိုင်နဲ့ ရလာဒ်ကိုရတာ ဒီအရှိန်၊ ဒီနှုန်းနဲ့ အဆုံးထိဆက်သွားမယ်။ ဒီ စုစည်းအားကို အရမ်းတန်ဖိုးထားရပါတယ်” ဟု ကမ်ပိန်းဦးဆောင်သူတစ်ဦးက ပြောသည်။ 

အလှူငွေများရရှိရန် ပြည်တွင်းအလှူရှင်များနှင့် စင်္ကာပူ၊ အမေရိကန်၊ ထိုင်း၊ ဂျပန်၊ ဩစတေးလျ၊ UK၊ တောင်ကိုရီးယား၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်၊ UAE ၊ ဉရောပနိုင်ငံများ၊ နယူးဇီလန်နှင့် ကနေဒါနိုင်ငံ ရောက် မြန်မာနိုင်ငံသားများက ဝိုင်းဝန်းလှူဒါန်းကြခြင်းဖြစ်သည်။


“ စစ်ကိုင်းအတွက် ငွေလွှဲခြင်းလုပ်ငန်းတွေစတင်နေပြီဖြစ်လို့ မမနဲ့ကိုအညာသား ပျော်ပျော်ကြီးတွဲကသံ တွေ မကြာမီမှာ တစီစီကြားရတော့မှာပါ။ ပြည်သူတွေ အားရဝမ်းသာရှိကြစေမှာပါ။ ကိုအညာသားတို့လဲ မျှော်နေကြပြီမလား..လာနေပြီနော် မမနဲ့ဝုန်းဖို့..ရယ်ဒီသာပြင်ထားဗျိုး” ဟု စစ်ကိုင်းတိုင်းအတွင်း ထို အလှူငွေများစီးဆင်းကာ လက်နက်ကြီးများ တပ်ဆင်ပေးတော့မည်ဖြစ်ကြောင်း မမများနဲ့ပွဲကမယ် အဖွဲ့ က သတင်းစကားပါးထားသည်။

မမများနဲ့ပွဲကမယ်သည် စစ်ကိုင်းအတွက် သိန်း ၁၅,၀၀၀ ကမ်ပိန်းမတိုင်ခင် ကရင်နီအတွက် သိန်း ၅၀၀၀ ကမ်ပိန်းပြုလုပ်အောင်မြင်ထားပြီးဖြစ်သည်။
ကရင်နီနှင့် စစ်ကိုင်း ပရောဂျက်နှစ်ခုလုံးအောင်မြင်ခဲ့ပြီးနောက် တတိယမြောက်ကမ်ပိန်းလုပ်မည့်ဒေသ တစ်ခုသတ်မှတ်ထားပြီးဖြစ်သော်လည်း ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

#Mizzima
#မမများနဲ့ပွဲကမယ်
#အညာဒေသပြည်သူ့ကာကွယ်ရေးတပ်

#သိန်းပေါင်း၂၇,၇၀၀

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required