ပြင်ဦးလွင်မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွါး

ပြင်ဦးလွင်မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွါး

ဇူလိုင် ၃၁

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဇူလိုင်လ ၃၁ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေကြောင်း ဒေသခံများထံက သတင်းရရှိသည်။

ယနေ့နံနက် ၂ နာရီခန့်မှ ၁၀ နာရီခန့်အထိ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံနေကြောင်း ဒေသခံများက ဆိုသည်။

“မြို့တွင်းမြို့ပေါ်ရပ်ကွက်တွေအထိ ရေနစ်နေတယ်။ စျေးလေးလမ်းဆုံဘက်ဆိုရင် ကားသေးတွေသွားမရအောင်ဖြစ်သွားတယ်။ ထူးကဲဖြစ်စဉ်လို့ပြောရမှာပဲ ဒီလောက်ရေကြီးတာမျိုး တစ်ခါမှမကြုံဖူးဘူး” ဟု မြို့ခံသတင်းရင်းမြစ်က ပြောသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ယခင်ကလည်း မိုးများလျှင် ရေကြီးရေလျှံမှုဖြစ်စဉ် အထိုက်အလျောက်ရှိခဲ့ပြီး၊ ယနေ့ဖြစ်စဉ်သည် နှစ်ပေါင်းသုံးဆယ်ခန့်အတွင်း ထူးခြားဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ -CJ

#Mizzima

#မန္တလေးတိုင်း

#ပြင်ဦးလွင်မြို့

#ရေကြီးရေလျှံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly