ရွှေကူမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူ

ရွှေကူမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူ

ဇူလိုင် ၃၁

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်နေသူများကို ဖမ်းဆီးအပြစ်ပေး အရေး ယူခဲ့ကြောင်း မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးက ဇူလိုင်လ(၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ရွှေကူမြို့နယ် ဟင်းအွန်၊ မြို့ကုန်း၊ နောင်ပင်၊ ခိုလိပ် လိပ်ဆင်း၊ မိုးစစ်၊ ရေလဲ၊ စီသော်၊ စီငန်းကျေးရွာများ နှင့်ရွေမှော်များတွင် မူးယစ်ဆေးဝါးအချို့နှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်များနှင့်အတူ ဇူလိုင်လ ၂၈ ရက် နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဖမ်းဆီးရမိသူများကို အပြင်းအထန် သတိပေးကာ ရပ်မိရပ်ဖများရှေ့တွင် ခံဝန်ကတိများပြုလုပ်ခိုင်းကာ ပထမဆုံးအကြိမ်အဖြစ်နှင့် ပြန်လွှတ် ပေးခဲ့ကြောင်း သိရသည်။

နောက်နောင်တွင်လည်း လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးများအား ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲ ခြင်းများအား စုံစမ်းဖော်ထုတ်နှိမ်နှင်းသွားမည်ဖြစ်ကြောင်း မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

#Mizzima

#ရွှေကူမြို့နယ်

#မူးယစ်ဆေးဝါး

#မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly