တရုတ်မှမှောင်ခိုသွင်းလာသော နိုင်ငံခြားအရက်အများအပြားကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ ဖမ်းဆီး

By Bangladesh Live News 
30 July 2022
တရုတ်မှမှောင်ခိုသွင်းလာသော နိုင်ငံခြားအရက်အများအပြားကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ ဖမ်းဆီး

တရုတ်ကုမ္ပဏီများသည် ဘင်္ဂလားဒေ့ရှ် သွင်းကုန်စည်းမျဉ်းများ၏ အားနည်းချက်များကို အသုံးချကာ ဒါကာသို့ တားမြစ်ပစ္စည်းများကို တရားမဝင်နည်းလမ်းဖြင့် တင်ပို့ရာတွင် ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရသည်။

တရုတ်မှ နိုင်ငံခြားအရက်အများအပြား မှောင်ခိုတင်သွင်းလာမှုကို ဘင်္ဂလားဒေ့ရှ်၌ မကြာသေးမီက တွေ့ရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ၏ အထူးစစ်ဆင်ရေးအတွင်း တရုတ်မှတင်သွင်းလာသော နိုင်ငံခြား အရက်များထည့်ထားသော သေတ္တပေါင်း ၂၇၀၀ ကျော်ကို ဇူလိုင် ၂၂ ရက်က သိမ်းဆည်းရမိခဲ့သည်။

အရက်သေတ္တာ ၂၇၆၀ အားတင်သွင်းရန် စာရွက်စာတမ်းနှင့် အာမခံစာရွက်အတုများကို အကောက်ခွန် အာဏာကိုင်များထံ ပြသခဲ့ကြခြင်းဖြစ်သည်။ တင်သွင်းသူများက ချည်လုံးများတင်သွင်းခြင်း ဖြစ်ကြောင်း အကောက်ခွန်ကို လိမ်ညာခဲ့ကြသည်။ အရက်များမှာ ကွန်တိန်နာ ၅ လုံးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

 ထိုတင်ပို့မှုကို မဖမ်းမိခဲ့ပါက ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် တာကာကုဋေ ၆၀ မှ ၇၀ အထိ ဆုံးရှုံးမည်ဖြစ်သည်။

 ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့သည် ၂၀၂၂ ခုနှစ် မေလကလည်း ဆပ်ပြာကုန်းကြမ်းတံဆိပ်ကပ်ထားသော ဆေးသကြား ၁၉ တန် (၇၈၈ ထုပ်) အပါအဝင် တားမြစ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် နိုင်ငံအတွင်းလည်ပတ်နေသော တရုတ်ကုမ္ပဏီများ၏ အကျင့်ပျက်ခြစားမှုနှင့် ရာဇဝတ်မှုများကို စစ်ဆေးရန် တရုတ်အစိုးရအား တောင်းဆိုချိန်တန်ပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သို့တင်ပို့မည့် တရားမဝင်ကုန်ပစ္စည်းများကို တရုတ်အကောက်ခွန်အာဏာပိုင်များက ခွင့်ပြုလိုက်မှုနှင့်ပတ်သက်၍လည်း မေးခွန်းထုတ်သင့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly