ကုလလုံခြုံရေးကောင်စီအနေဖြင့် တပ်ဖွဲ့ဝင်များနှင့် လက်နက်များပေးပို့ရန် NUG နိုင်ငံခြားရေးဝန်ကြီးပြော

ကုလလုံခြုံရေးကောင်စီအနေဖြင့် တပ်ဖွဲ့ဝင်များနှင့် လက်နက်များပေးပို့ရန် NUG နိုင်ငံခြားရေးဝန်ကြီးပြော

ဇူလိုင်လ ၃၀ ရက်

ကုလလုံခြုံရေးကောင်စီအနေဖြင့် တပ်ဖွဲ့ဝင်များနှင့် လက်နက်များပေးပို့ရန် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

" ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ဟာ စည်းလုံးညီညွတ်စွာ လက်တွဲတိုက်ပွဲ၀င်နေကြတဲ့ လူမျိုးစု၊ ဒီမိုကရေစီ အင်အားစုတွေဆီကို တပ်ဖွဲ့ဝင်များနှင့် လက်နက်များပေးပို့ခြင်းဖြင့် အကာအကွယ် ပေးရန်တာဝန်ရှိမှု (R2P)ကို လျင်မြန်စွာ ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်" ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။

အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည့် ဒေါ်ဇင်မာအောင်၏ ၉ မိနစ်ကျော်ကြာမိန့်ခွန်းတွင် NUG အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုကာ ထိတွေ့ဆက်ဆံရန် တိုက်တွန်းခဲ့ပြီး နိုင်ငံရေးအကျဥ်းသားများကို စစ်ကောင်စီက ကွပ်မျက်မှုအပေါ် နိုင်ငံတကာက အရေးယူရမည်ဖြစ်ကြောင်း ဝန်ကြီးကဆက်ပြောသည်။

" ကျွန်မတို့ရဲ့ ဒီမိုကရေစီရေးကြိုးပမ်းခဲ့သူ နောင်တော်များအား ကွပ်မျက်ခြင်းအား ရှုတ်ချကြောင်း ကြေငြာချက်များကို တန်ဖိုးထားပေမယ့်လည်း လက်တွေ့လုပ်ဆောင်မှုမရှိရင်တော့ အဲဒီကြေငြာချက်တွေဟာ အမိုက်စား စကားလုံးတွေ သက်သက်ပဲဖြစ်ကြပါလိမ့်မယ်။ ထိရောက်တဲ့ ပြတ်ပြတ်သားသားနဲ့ စည်းစည်းလုံးလုံး စုပေါင်း လုပ်ဆောင်မှု ချက်ချင်းလိုအပ်ပါတယ်" ဟု ဒေါ်ဇင်မာအောင်ကပြောသည်။

ထို့ပြင်စစ်ကောင်စီ၏ ဝင်ငွေလမ်းကြောင်းများကို ထိရောက်စွာတတ်နိုင်သမျှ ဖြတ်တောက်ရန်၊ မည်သည့်နိုင်ငံတကာပလက်ဖောင်းတွင်မဆို စစ်ကောင်စီကိုယ်စားလှယ်ကို မဝင်ရောက်နိုင်ရေး တားဆီးရန်လည်း NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က တောင်းဆိုခဲ့သည်။

NUG အစိုးရကိုလည်း မြန်မာအစိုးရအဖြစ် ချက်ချင်းအသိအမှတ်ပြုကာ ဒီမိုကရေစီနည်းကျရွေးကောက် ထားသည့် ကမ္ဘာပေါ်ရှိ အခြားအစိုးရများနည်းတူ

အခွင့်အရေး၊ အဆင့်အတန်းဂုဏ်ကိုပေးအပ်ရန် NUG ဝန်ကြီးကတောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly