ယူကရိန်း ရှေ့တန်းက မြို့ရွာများကို ရုရှ တိုက်ခိုက် 

ယူကရိန်း ရှေ့တန်းက မြို့ရွာများကို ရုရှ တိုက်ခိုက် 

ဇူလိုင်လ ၃၀ ရက်

ယူကရိန်း၏ ပြန့်ကျဲနေသော ရှေ့တန်းအနှံ့က မြို့ရွာများကို ရုရှက တိုက်ခိုက်ရာ တောင်ပိုင်းတွင် အနည်းဆုံး လူ တစ်ဦး သေဆုံးပြီး ခါကိဗ်မြို့က စာသင်ကျောင်းတစ်ကျောင်း ထိမှန်ကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ပြောသည်။ 

ညပိုင်းက လူနေရပ်ကွက် နှစ်ခုကို ဒုံးကျည်တွေ ကျရောက်ရာမှာ လူတစ်ဦး သေဆုံးရကြောင်း မိုင်လိုလိုင် တောင်ပိုင်းမြို့ မြို့တော်ဝန်က ပြောသည်။ ယင်းမြို့သည် ယူကရိန်းတပ်များက တန်ပြန်ထိုးစစ်အတွက် ကြိုးပမ်းနေရာအရပ်အနီးတွင် တည်ရှိသည်။ 

ယင်း တိုက်ခိုက်မှုများအတွင်း အခြား လူ ခြောက်ဦး ထိခိုက်ဒဏ်ရာ ရပြီး အိမ်များ ပျက်စီးရကြောင်း မြို့တော်ဝန် အိုလက်ဆန်ဒါးက တယ်လီဂရမ်တွင် ရေးသားသည်။ 

အနီးရှိ ခါဆွန်ဒေသသို့ ဝင်ရောက်နိုင်ရေး ယူကရိန်းတပ်များ ကြိုးစားခြင်းကြောင့် မကြာသေးသော သီတင်းပတ်များ၌ မိုင်လိုလိုင်မြို့တွင် နေ့စဉ်နီးပါးဆိုသကဲ့သို့ တိုက်ခိုက်မျုများ ကြုံဆုံခဲ့ရသည်။ သောကြာနေ့က ဘတ်စ်ကားမှတ်တိုင်အနီး တိုက်ခိုက်မှုတွင် လူ ခုနစ်ဦး သေဆုံးခဲ့သည်။ 

ခါဆွန်ဒေသရှိ ရုရှစစ်ဂိုထောင်နှင့် တည်နေရာများကို တပ်ဖွဲ့ဝင်များက တိုက်ခိုက်ရေးဆင်နွှဲကြောင်း ယူကရိန်းသမ္မတရုံးက ထုတ်ပြန်သည်။ 

ယူကရိန်း၏ ဒုတိယအကြီးဆုံး ခါကိဗ်တွင် S-300 မြေပြင်မှ ဝေဟင်ပစ်စနစ်မှ ဒုံးကျည်များ ထိမှန်ရေး စနေနေ့ အစောပိုင်းတွင် ပညာရေးရုံးတစ်ရုံး ပျက်စီးရကြောင်း ဌာနေအာဏာပိုင်များက ပြောသည်။ 

အဆိုပါ ရုံးတွင် မီးလောင်ရာ မီးသတ်သမားများက ငြှိမ်းသတ်ခဲ့ရပြီး သေဆုံးသူ မရှိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ 

ယူကရိန်း အရှေ့မြောက်ပိုင်းက ရုရှနယ်စပ်နှင့် နီးစပ်သော ခါကိဗ်ဒေသသည် အနား၌ တပ်စွဲထားသော ရုရှတပ်များ၏ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများ ကြုံရလျက် ရှိနေသည်။ 

ရုရှ၏ ထိုးစစ်ပစ်မှတ်ထားရာ အရှေ့ပိုင်း ဒွန်နက်စ်ဒေသတွင် သောကြာနေ့က တိုက်ခိုက်မှုများအတွင်း အရပ်သား ခြောက်ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း အုပ်ချုပ်ရေးမှူးက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly