နိုင်ငံရေးအကျဉ်းသား ၄ ဦးအား ကွပ်မျက်ခြင်းအတွ်က ပြင်သစ်က မြန်မာသံအမတ်ကြီးကို သမ္မန်ဆင့်ခေါ် 

နိုင်ငံရေးအကျဉ်းသား ၄ ဦးအား ကွပ်မျက်ခြင်းအတွ်က ပြင်သစ်က မြန်မာသံအမတ်ကြီးကို သမ္မန်ဆင့်ခေါ် 

ဇူလိုင်လ ၃၀ ရက်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းအုပ်စုက နိုင်ငံရေးအကျဉ်းသား လေးဦးအား သေဒဏ်ပေး စီရင်ကွပ်မျက်လိုက်ခြင်းကို ဆန့်ကျင်ပြီး ပြင်သစ်ဆိုင်ရာ မြန်မာသံအမတ်ကြီးအား ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက သမ္မန် ဆင့်ခေါ်ခဲ့ကြောင်း သံတမန်သတင်းရင်းမြစ်က အေအက်ဖ်ပီသို့ ပြောသည်။ 

“မြန်မာစစ်အာဏာသိမ်းအုပ်စု ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖိုံ၊ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းကတည်းက ထင်ရာစိုင်း ဖမ်းဆီးထားသူ အကုန်လုံး ပြန်လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ လုပ်ငန်းစဉ် ထူထောင်ဖို့ ကျွန်တော်တို့က တောင်းဆိုထားတာကို မြန်မာသံအမတ်ကြီးကို သတိပေးခဲ့တယ်”ဟု ယင်း ရင်းမြစ်က ဖြည့်စွက်ပြောသည်။ 

တနင်္လာနေ့က ကြေညာသော သေဒဏ်စီရင်မှုသည် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၌ ပထမဆုံးဖြစ်ကာ နောက်ထပ် သေဒဏ်ပေးခြင်းများ ထပ်ရှိလာဦးမည်ဟု စိုးရိမ်ပူပန်မှုများ ဖြစ်ပွားစေသကဲ့သို့ အထီးကျန်ပြီးသား စစ်အုပ်စုကို တင်းကြပ်သည့် နိုင်ငံတကာ အရေးယူမှုများ ဆောင်ရွက်ရန် တောင်းဆိုမှုများ ထွက်ပေါ်လာစေသည်။ 

ယခု သေဒဏ်ပေးသူများတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ကိုဂျင်မီဟု လူသိများသော ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဦးကျော်မင်းယုတို့လည်း ပါဝင်သည်။ 

၎င်းတို့အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် သေဒဏ်စီရင်ခြင်း ဖြစ်သည်။ 

သေဒဏ်စီရင်၍ နိုင်ငံတကာ၏ ရှုတ်ချမှုများကို မြန်မာစစ်တပ်က ပြန်လည်ချေပြီး ယခု သေဒဏ်ပေးသူ လေးဦးသည် “အထပ်ထပ် သေဒဏ်ပေးခြင်းနှင့် ထိုက်တန်ကြောင်း” ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly