အင်းစိန်ပေါက်တောဝ ယာဥ်ထိန်းရုံးမီးပွိုင့်အနီး ပေါက်ကွဲမှုဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်

အင်းစိန်ပေါက်တောဝ ယာဥ်ထိန်းရုံးမီးပွိုင့်အနီး ပေါက်ကွဲမှုဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်

ဇူလိုင် ၃၀

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊ပေါက်တောဝမီးပွိုင့်ရှိ ယာဥ်ထိန်းရုံးအနီး၌ ဇူလိုင်လ ၂၉ရက်နေ့ ၁၁နာရီ၁၃မိနစ်အချိန်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် အပြန်အလှန်ပစ်ခတ်သံများကြားရတယ်လို့ ဒေသခံများအပြောအရ သိရသည်။

"အဲ့နားမှာပေါက်ပြီးပစ်ခတ်တာပါခင်ဗျ၊ ဗုံးကဆင့်ကဲပေါက်တာ နှစ်ကြိမ်၊စစ်ကောင်စီက သဲအိတ်တွေနဲ့cover ယူထားတာတော့ရှိတယ်ခင်ဗျ၊ ခန့်မှန်းခြေ ငါးယောက်လောက်တော့ရှိမယ်"ဟု ဒေသခံတစ်ယောက်ကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အပြန်အလှန်ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပြီး မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို မသိရသေးပေ။

ယမန်နေ့ညပိုင်းအချိန်တွင် ရန်ကုန်တိုင်း မြောက်ဒဂုံ၊စမ်းချောင်း၊အင်းစိန်၊မရမ်းကုန်း၊လှိုင်သာယာ၊စမ်းချောင်းနှင့်လှိုင်မြို့နယ်တို့တွင်ပေါက်ကွဲမှုများဖြစ်ပွားခဲ့တယ်လို့သိရသည်။

ယမန်နေ့ညပိုင်း ၈နာရီအချိန်ခန့်တွင်လည်း ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊ပေါက်တောဝအနီးရှိ အင်းစိန်ထောင်ဝန်ထမ်းအိမ်ယာလိုင်းခန်းအား ကာကွယ်ရေးတပ်ဖွဲ့မှ လက်ပစ်ဗုံးဖြင့်ပစ်ခက်တိုက်ခိုက်ခဲ့သေးသည်။

ဓာတ်ပုံ - ပုံအဟောင်း

#mizzima

#အင်းစိန်မြို့နယ်

#ယာဥ်ထိန်းရုံး

#လှိုင်သာယာ

#စမ်းချောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly