ရေဦးမြို့နယ် တင်းတိန်ရံ စျေး ဆိုင်ခန်း ၂၀၀နှင့် နေအိမ် ၆ဝကျော်ခန့်ကို စစ်ကောင်စီတပ်က မီးရှို့

By လွှမ်းမိုး
30 July 2022
ရေဦးမြို့နယ် တင်းတိန်ရံ စျေး ဆိုင်ခန်း ၂၀၀နှင့် နေအိမ် ၆ဝကျော်ခန့်ကို စစ်ကောင်စီတပ်က မီးရှို့

ဇူလိုင် ၃၀

စစ်ကိုင်းတိုင်း ရေဦးမြို့ အနောက်ဘက်ခြမ်းရှိ တင်းတိန်ရံကျေးရွာမှ စျေးဆိုင်ခန်း ၂၀၀ နှင့် ပြည်သူပိုင်နေအိမ် ၆၀ ကျော်ခန့်ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၉ ရက် နေ့လယ်ပိုင်း ၁နာရီ အချိန်ခန့်တွင် စတင်မီးရှို့ခဲ့ကြောင်း သိရသည်။

"ကျနော်တို့ တင်းတိန်ရံ ရွာက အိမ်ခြေ တစ်ထောင်ကျော်ခန့် ရှိပါတယ် ၊ ပထမဆုံး တင်းတိမ်ရံစျေးကို စစ်ကောင်စီတပ် ခန့်မှန်းအင်အား ၁၀၀ လောက်ကနေ မီးတုတ်တွေကိုင်ပြီး စပြီး မီးရှို့တယ် ၊ စျေးဆိုင်ခန်း ၂၀၀ လောက် ပါသွားတယ်ဗျ၊ ဆုံးရှုံးမှုကတော့ တော်တော်လေးကို များပါတယ် ၊ စျေးကနေတစ်ဆင့် နေအိမ်တွေ မီးကူး လောင်တာမျိုး ရှိသလို သက်သက် ရှို့တာတွေလည်း ရှိပါတယ်၊ နေအိမ်ကတော့ ၆၀ ရဲ့ အထက်မှာ ရှိပါတယ် " ဟု ဒေသခံပြည်သူတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းစစ်ကြောင်းထိုးမှုများကြောင့် တင်းတိမ်ရံ ကျေးရွာအပါဝင် ကျေးရွာ လေးရွာမှ ဒေသခံပြည်သူများ စစ်ရှောင်နေရကြောင်း သိရသည်။

ရေဦးမြို့နယ် နှင့် ဒီပဲယင်းမြို့ နယ်အစပ် နေရာများတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်အခြေအနေ တင်းမာနေကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တစ်ဦးရဲ့ ပြောကြားချက်အရ သိရသည်။

#mizzima

#ရေဦးမြို့နယ်

#တင်းတိန်ရံ

#စစ်ကောင်စီတပ်

#မီးရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly