ဆားလင်းကြီးမြို့နယ် လက်ပံကျွန်း ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦးသေ

By လွှမ်းမိုး
30 July 2022
ဆားလင်းကြီးမြို့နယ် လက်ပံကျွန်း ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦးသေ

ဇူလိုင် ၃၀

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံကျွန်းကျေးရွာ အနီးတွင်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီနှင့် ညနေပိုင်း ၃ နာရီ တို့တွင် ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွါးခဲ့ကြောင်းသိရသည်။

အဆိုပါထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ကိုးဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း (၅) - Aung San Force မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောကြားသည်။

" စစ်ကောင်စီ တပ်သား ၈ဝ ဝန်းကျင်လောက်ရှိမယ်ဗျ။ ကျေးရွာတွေကို ရွာစဉ်လိုက် မွှေနှောက်မီး ရှို့ တာတွေ လုပ်နေပြီး လက်ပံကျွန်း ကျေးရွာနား အရောက်မှာ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်က လက်နက်ကြီး ငယ်တွေ နဲ့ အစုံ ပစ်ခဲ့တာပါ။ တိုက်ပွဲကြာချိန်ကတော့ ထိတွေ့ တိုက်ပွဲ နှစ်ကြိမ်ပေါင်းရင် ခုနစ် နာရီလောက်ရှိတယ်။ မြေပြင်အတည်ပြု သတင်းပေးမှုအရ စစ်ကောင်စီ တပ်သား ကိုးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရတယ်" ဟု Aung San Force သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲကို မုံရွာခရိုင်တပ်ရင်း (၅) (Aung San Force) ၊ SRA ၊CGF၊ SPDF နှင့် MWA အဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#Mizzima

#ဆားလင်းကြီးမြို့နယ်

#လက်ပံကျွန်းကျေးရွာ

#တိုက်ပွဲ

#စစ်ကောင်စီတပ်သား

#၉ဦးသေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly