ပါကစ္စတန် ဘာလိုချီစတန်ရှိ တရားလက်လွတ် သတ်ဖြတ်မှုများကို ကန့်ကွက်သော တက်ကြွလှုပ်ရှားသူများက ဂျာမနီတွင် ဆန္ဒထုတ်ဖော်

By The Print
29 July 2022
ပါကစ္စတန် ဘာလိုချီစတန်ရှိ တရားလက်လွတ် သတ်ဖြတ်မှုများကို ကန့်ကွက်သော တက်ကြွလှုပ်ရှားသူများက ဂျာမနီတွင် ဆန္ဒထုတ်ဖော်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် အကြမ်းဖက်တိုက်ဖျက်မှုဌာန (CTD) က ကျူးလွန်သော တရား ဥပဒေမဲ့ သတ်ဖြတ်မှုဖြစ်စဉ်များ မြင့်တက်နေခြင်းအပေါ် ဆန့်ကျင်လျက်ဖြင့် ဘာလို့ချ် အမျိုးသားရေး လှုပ်ရှားမှု အဖွဲ့က ဂျာမနီနိုင်ငံ ဘွန်းမြို့၌ ဇူလိုင် ၂၃ ရက်တွင် ဆန္ဒပြပွဲတစ်ခုကို စီစဉ်လုပ်ဆောင်ခဲ့သည်။

ဆန္ဒပြပွဲအတွင်း ပါဝင်ဆန္ဒပြသူများသည် ဘာလိုချီစတန်၌ အတင်းအကျပ် ဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားသူများ တရားဥပဒေမဲ့ သတ်ဖြတ်ခံမှုနှင့် ပတ်သက်ပြီး လက်ကမ်းစာစောင်များကို ဝေငှခဲ့ကြသလို ပါကစ္စတန်စစ်တပ်နှင့် အခြားသော ဥပဒေစိုးမိုးရေး အေဂျင်စီများ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို လူအများ သိရှိစေရန် လုပ်ဆောင်ခဲ့ကြသည်။

ပါကစ္စတန် အာဏာပိုင်တို့သည် အပြစ်မဲ့သူ ၉ဦးကို တရားလက်လွတ် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့သည် ဘာလို့ချ် လွတ်မြောက်ရေး တပ်ဖွဲ့ (BLA) ၏ တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်ဟု ပြောကြားခဲ့ကြောင်း ဘာလို့ချ် အမျိုးသားရေး လှုပ်ရှားမှုအဖွဲ့ (ဂျာမနီဆိုင်ရာအဖွဲ့ခွဲ)၏ ပူးတွဲ အတွင်းရေးမှူး ရှား ဟက်ဆန်က ဆန္ဒပြပွဲ၌ ပူးပေါင်း ပါဝင်ခဲ့ကြသူများ ကို ပြောသည်။

သို့သော် အဆိုပါ သတ်ဖြတ်ခံရသူများသည် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များ၏ အဓမ္မ ခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီး ညှင်းပန်းနှိပ်စက်သည့် အကျဉ်းစခန်းများတွင် ထိန်းသိမ်းခံခဲ့ရသော ပျောက်ဆုံး ဘာလို့ချ် မျိုးနွယ်စုဝင်များသာ ဖြစ်သည်။ ၎င်းတို့အားလုံးသည် ၎င်းတို့၏ နေအိမ်များမှ အတင်းအကျပ် ဖျောက်ဖျက်ခံရပြီး ယခုအခါ တရား ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရပြီ ဖြစ်သည်။

ယခု အပြစ်မဲ့ ပြည်သူများကို CTD က သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး CTD သည် အမှန်တကယ်အားဖြင့် အပြစ်မဲ့ ပြည်သူများကို တရားဥပဒေမဲ့ သတ်ဖြတ်ရန် ပါကစ္စတန်စစ်တပ်က ထူထောင်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ကြောင်း ရှား ဟက်ဆန်က ပြောသည်။ ပါကစ္စတန် အာဏာပိုင်တို့သည် ၎င်းတို့၏သတ်ဖြတ်မှုများကို တရားမျှတ မှန်ကန် ကြောင်း ထုတ်ဖော်ရန် အသတ်ခံရသူများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သယောင် အကြောင်းပြပြီး အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း ဖြစ်သည်ဟု ဟက်ဆန်က ပြောသည်။

ပါကစ္စတန် အာဏာပိုင်တို့၏ အဆိုပါ လုပ်ရပ်များက စစ်ရာဇဝတ်မှုများကဲ့သို့ ဖြစ်နေပြီး ဘာလိုချီစတန်ရှိ စက်ဆုပ်ရွံရှာဖွယ် စစ်ရာဇဝတ်မှုများအတွက် ပါကစ္စတန် အာဏာပိုင်တို့ကို တာဝန်ခံခိုင်းစေရန်မှာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံများ၏ တာဝန်ပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly