စစ်အာဏာရှင်စနစ်ကို တိုက်စားမည့် K တို့ရဲ့လှိုင်း " FANDOM ညီကြောင်း လက်မှတ် တစ်သောင်း " ပရောဂျက်စတင်

စစ်အာဏာရှင်စနစ်ကို တိုက်စားမည့် K တို့ရဲ့လှိုင်း " FANDOM ညီကြောင်း လက်မှတ် တစ်သောင်း " ပရောဂျက်စတင်

ဇူလိုင်လ ၂၈ ရက်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း( KNDF B03 ) တပ်ဖွဲ့နှင့် Fundraising Cranes For U တို့ ပူးပေါင်းပြုလုပ်သည့် မြန်မာ K-pop အသိုင်းအဝိုင်းတင်မက မြန်မာတစ်နိုင်ငံလုံးရှိ Fandom များအကြားတွင် အကြီးမားဆုံး ပြိုင်ပွဲတစ်ခုအဖြစ် စစ်အာဏာရှင်စနစ်ကို တိုက်စားမည့် " FANDOM ညီကြောင်း လက်မှတ် တစ်သောင်း " ပရောဂျက်ကို ယနေ့ ဇူလိုင် ၂၈ ရက်တွင် စတင်ခဲ့ကြောင်းသိရသည်။

"FANDOM ညီကြောင်း လက်မှတ် တစ်သောင်း" ကို ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၅ ရက်နေ့ထိ ရောင်းချသွားမည်ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ၁၀,၀၀၀ ကျပ်ဖြင့် ရောင်းချကာ သြဂုတ်လ ၆ ရက်နေ့တွင် ဆုမဲများဖောက်ပေးသွားမည်ဖြစ်သည်။

''Target အသစ် ဖြစ်တဲ့ လက်မှတ် ၁၀,၀၀၀ သာ ပြည့်မယ်ဆိုရင် လူငယ်တွေ အင်အားနဲ့ အချိန်တိုအတွင်းမှာ အလှူငွေကျပ် သိန်းတစ်ထောင်ရရှိလာမှာဖြစ်ပါတယ်ဗျ။ သိန်းတစ်ထောင်နဲ့ဆိုရင် စစ်ကောင်စီ ဘက်ကို ရိုက်ခတ်မယ့်လှိုင်းက နည်းနည်းလေး ပိုပြင်းထန်သွားမယ်လို့ ထင်မြင်မိပါတယ်။ မဲရောင်းရငွေတွေကို KNDF B03 အပြင် တခြားတပ်ဖွဲ့တွေကိုလည်း လှူသွားမှာပါ'' ဟု FCU မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုစတင်မည့် ပရောဂျက်တွင် K-pop fandom (1st gen, 2nd gen, 3rd gen, 4th gen) များသာမက International fandom များ၊ BL Union fandom များအပြင် အခြားသော Marvel, DC , Swifities , ဘောလုံး, LGBT အစရှိသော fandom များလည်း ပါဝင်ကာ အင်အားပြနိုင်ကြောင်း ဖိတ်ခေါ်ထားသည်

ကံစမ်းမဲဆုလက်ဆောင်များမှာ K-pop/ K Drama Fan များအတွက် Lightstick , Album, PC and Photo Book, Gift Box နှင့် အလွယ်တကူ သယ်ယူနိုင်သော Instax Mini 11 Camera နှင့် Film sheets တစ်လုံး၊ Samsung Galaxy A 13 တို့ဖြစ်ကြောင်း သိရသည်။

" Fandom ညီကြောင်း လက်မှတ်တစ်သောင်း" ကို KNDF-B03 နှင့် FCU - Fundraising Cranes for U တို့၏ Page messenger တွင် ဝယ်ယူနိုင်ပြီး Fandom အလိုက် မဲဝယ်ယူသည့် Rating များကို မဲဖောက်ပေးမည့် သြဂုတ် ၆ရက်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly