ထိုင်ဝမ်နှင့် တရုတ် ပဋိပက္ခများမြင့်တက်လာမှုကြောင့် ကုန်သွယ်မှု အခက်ကြုံနိုင်

ထိုင်ဝမ်နှင့် တရုတ် ပဋိပက္ခများမြင့်တက်လာမှုကြောင့် ကုန်သွယ်မှု အခက်ကြုံနိုင်

ထိုင်ဝမ်နှင့် တရုတ် ပဋိပက္ခများမြင့်တက်လာပြီးနောက် ကုန်သွယ်မှုကို ပြင်းထန်စွာ အခက်ကြုံစေနိုင်သဖြင့် ကမ္ဘာကုန်သွယ်ရေးအပေါ် သက်ရောက်မှုများကို နိုင်ငံတကာစီးပွားရေးလုပ်ငန်းများက လေ့လာသုံးသပ်နေကြသည်။

ရုရှားနှင့် ယူကရိန်းပဋိပက္ခကြောင့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဂျုံ တင်ပို့ရောင်းချမှုကို ထိခိုက်စေခဲ့ပြီး ကမ္ဘာ တစ်ဝန်းလုံးတွင် ဈေးနှုန်းများ မြင့်တက်လာပြီးနောက် ယင်းကိစ္စသည်လည်း ဖြစ်ပေါ်လျက် ရှိသည်။

ထိုင်ဝမ်နှင့် တရုတ် ပဋိပက္ခများ ဖြစ်ပွားပါက အာရှ-ပစိဖိတ် ထောက်ပံ့ရေးကွင်းဆက်များသည် ပြင်းထန်သော အနှောင့်အယှက်များနှင့် ပြန်လည်ဖွဲ့စည်းမှုကာလသို့ ဝင်ရောက်နိုင်မည်ဟု မျှော်လင့်ထားကြောင်း The Singapore Post မှ ဆောင်းပါးတစ်ပုဒ်က China Neican ၏မျက်မှောက်ရေးရာ ဝဘ်ဆိုက်ကို ကိုးကား ဖော်ပြထားသည်။

ထိုင်ဝမ်နှင့် တရုတ်ပြဿနာသည် ပုံစံအမျိုးမျိုး ဖြစ်လာနိုင်သော်လည်း နောက်ဆုံးရလဒ်မှာ အတူတူပင်ဖြစ်ပြီး ထိုင်ဝမ် သို့မဟုတ် ယင်း၏ အစွန်အဖျားရှိ ကျွန်းများကို စီးပွားရေး သို့မဟုတ် စစ်ရေး ပိတ်ဆို့ခြင်း ပြုလုပ် နိုင်သည်ဟု အနောက်နှင့် အာရှလေ့လာသုံးသပ်သူ အများအပြားက ခန့်မှန်းထားသည်။

စီးပွားရေး သို့မဟုတ် စစ်ရေးအရ ပိတ်ဆို့ခြင်းသည် ထိုင်ဝမ်၏ ရေကြောင်း ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်း များကို တားဆီးနိုင်မည်ဖြစ်သည်။

အဆိုပါလမ်းကြောင်းများတွင် မလေးကျွန်းဆွယ်နှင့် ဆူမာတြားကြားရှိ ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် မလက္ကာရေလက်ကြားနှင့် ထိုင်ဝမ်၏ အဓိကကျွန်းဖော်မိုဆာ တောင်ဘက် လူဇုန်ရေလက်ကြား ကုန်သွယ်ရေးလမ်းကြောင်းများ ပါဝင်မည်ဖြစ် ကြောင်း ဆောင်းပါးက ထပ် လောင်းပြောကြားခဲ့သည်။

တရုတ်၊ ဂျပန်၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့ကို အမေရိကန်နှင့် ချိတ်ဆက်ပေးသည့် ဖိုက်ဘာအော်တစ် ကေဘယ်ကြိုးများ သွယ်တန်းထားသည့် လူဇုန်ရေလက်ကြားတွင် ပိတ်ဆို့တားဆီးမှုတစ်ခု ဖြစ်ပွားပါက ထိုင်ဝမ်ရှိ ဆက်သွယ်ရေးနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပြတ်တောက်သွားမည်ဖြစ်သည်။

မလက္ကာရေလက်ကြားကို ပိတ်ဆို့ထားပါက ထိုင်ဝမ်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အားကစားပစ္စည်းများကို အမေရိကန်နှင့် ဥရောပသို့ တင်ပို့ခြင်းမှ တားဆီးနိုင်မည်ဖြစ်ခြင်းကြောင့် ဆိပ်ကမ်းများတွင် စုပုံစေခြင်းဖြင့် ထိုင်ဝမ်၏ စီးပွားရေးသည် အားနည်းသွားစေမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly