တရုတ်ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းက သီရိလင်္ကာစီးပွားရေးကပ်ဘေးတွင် တာဝန်ရှိနေ

တရုတ်ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းက သီရိလင်္ကာစီးပွားရေးကပ်ဘေးတွင် တာဝန်ရှိနေ

သီရိလင်္ကာက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ဆွေးနွေးရာတွင် ကြွေးမြီများကို ပြန်လည် ပြင်ဆင်သတ်မှတ်ရေးအတွက် ပိုမိုကောင်းမွန်သော အစီအမံများ မလုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် တရုတ်၏ ကြွေးမြီ ထောင်ချောက် သံခင်းတမန်ခင်းသည် သီရိလင်္ကာ၏ မကြုံစဖူးဖြစ်ပွားခဲ့သည့် စီးပွားရေး အကျပ်အတည်း တွင် အဓိကအကြောင်းရင်း ဖြစ်လာသည်။

ကပ်ရောဂါ၏ အရှိန်အဟုန်ပြင်းပြင်း ရိုက်ခတ်မှုကြောင့် နိုင်ငံ၏အရေးကြီးသော ခရီးသွားကဏ္ဍကို ပျက်ပြားစေခဲ့သလို ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုကြောင့် ကမ္ဘာပေါ်ရှိ ထုတ်လုပ်ရေး လုပ်ငန်းကွင်းဆက် များကို ပြတ်တောက်သွားမှုနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းက သီရိလင်္ကာ၏ စီးပွားရေးကို အဆိုးဆုံးဖြစ်စေခဲ့သည်။

သို့သော် ပါလီမန်က သမ္မတသစ်တစ်ဦးကို ဇူလိုင်လ ၂၀ရက်တွင် ရွေးကောက်တင်မြှောက်လိုက်ခြင်းဖြင့် နိုင်ငံသည် အဆင့်သစ်တစ်ခုသို့ ဝင်ရောက်ခဲ့သည်။

သီရိလင်္ကာ၏ နိုင်ငံရေးတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ သြဇာကြီးခဲ့သော သမ္မတ ဂိုတာဘာယာ ရာဂျာပတ် စာနှင့် ဝန်ကြီးချုပ်မဟိန္ဒြာ ရာဂျာပတ်စာတို့၏ ထိတ်လန့်တုန်လှုပ်ခြောက်ခြားဖွယ်ရာ နုတ်ထွက်ခြင်းနှင့် ထွက်ခွာ ခြင်းများသည် လူထုဆန္ဒပြပွဲများဖြစ်ပွားခဲ့ရသည့် အံ့ဩစရာစီးပွားရေးပြိုလဲချိန်တွင် ထွက်ပေါ် လာခဲ့ကြောင်း The Washington Report က ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းကြောင့် နိုင်ငံ၏ လူဦးရေ ၂၂ သန်းသည် စားနပ်ရိက္ခာ အကူအညီ လိုအပ် နေသည်။

စာသင်ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းအများအပြားကို ပိတ်ထားရပြီး သာမန်ပြည်သူများသည် ဓာတ်ငွေ့ အတွက် မိုင်နှင့်ချီပြီး ရက်ပေါင်းများစွာ စောင့်ဆိုင်းနေရသည်။

အရှေ့တောင်အာရှရှိ လာအိုနှင့် အရှေ့အာဖရိကရှိ ကင်ညာအထိ အခြားသော အကြွေးတင်နေသည့် နိုင်ငံ များသည် အလားတူ ကံကြမ္မာမျိုး ကြုံတွေ့ရနိုင်ကြောင်း နိုင်ငံတကာ ကျွမ်းကျင်သူများက သတိပေး ထားသည်။

တရုတ်သည် သီရိလင်္ကာ၏ အကြီးမားဆုံး မြီရှင်ဖြစ်လာပြီး နိုင်ငံခြားကြွေးမြီစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့် ရှိသည်။

ထင်ရှားသည်မှာ သီရိလင်္ကာသည် တရုတ်၏ “ကြွေးမြီထောင်ချောက်” သံခင်းတမန်ခင်းထဲသို့ ကျရောက်ခဲ့ပြီး အခြေအနေဆိုးများနှင့် ယခုအချိန်အထိ ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required