တရုတ်က ဆီးရီးယားကို ဆက်သွယ်ရေးကိရိယာများထောက်ပံ့မည်

By Big News Network
26 July 2022
တရုတ်က ဆီးရီးယားကို ဆက်သွယ်ရေးကိရိယာများထောက်ပံ့မည်

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တွင် ဇူလိုင် ၂၀ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့သော စာချုပ်အရ စစ်ဘေးသင့်နိုင်ငံအတွက် ကူညီမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဆီးရီးယားသည် တရုတ်နိုင်ငံမှ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ ရရှိမည်ဖြစ်သည်။

အထူးသဖြင့် ၂၀၁၁ ခုနှစ်ကတည်းက ဆီးရီးယားနိုင်ငံတွင် အဆိုးရွားဆုံး စစ်ဒဏ်ခံရသည့်နေရာများ၌ ဒေသတွင်း ကွန်ရက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖန်ပေါင်နှင့် ဆီးရီးယားစီမံကိန်းနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အာဏာပိုင်အဖွဲ့ အကြီးအကဲ ဖာဒီဆောတီအယ်လ်ခါလီတို့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို ဆီးရီးယား ဆက်သွယ်ရေးနှင့် နည်းပညာ ဝန်ကြီးဌာနသို့ နှစ်သုတ်ခွဲ ပေးပို့မည်ဖြစ်သည်။

ဖန်က အခြားအကူအညီပစ္စည်းများနှင့် ဤကိရိယာများ ကူညီထောက်ပံ့မှုသည် ဆီးရီးယား ပြန်လည် တည်ဆောက်ရေးတွင် တရုတ်နိုင်ငံ၏ပါဝင်ပတ်သက်မှု၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်းနှင့် အေးအတူ ပူအမျှ အချင်းချင်း ကူညီပံ့ပိုးခြင်းဖြင့် ပြည်သူနှစ်ရပ်အကြား ရိုးရှင်းသောခံစားချက်ကို ကိုယ်စားပြုကြောင်း ပြောသည်။

“မည်သည့်စီးပွားရေးလုပ်ဆောင်မှုမဆို တယ်လီဖုန်းနှင့်အင်တာနက်ကဲ့သို့ ဆက်သွယ်ရေးများလိုအပ်ပြီး ဆီးရီးယားစစ်တပ်စိုးမိုးသောနယ်မြေများတွင် ထိုသို့သော ဝန်ဆောင်မှုများရခြင်းသည် စစ်ဘေးရှောင်များအား နေရပ်ပြန်လာစေရန် အထောက်အကူဖြစ်စေလိမ့်မည်ဟု ဆီးရီးယားဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီး အီဘက်မိုဟာမက်အယ်လ်ခါတစ်က လက်မှတ်ရေးထိုးပွဲ၌ ပြောခဲ့သည်။

တရုတ်နိုင်ငံသည် ၂၀၁၁ ခုနှစ် ဆီးရီးယား အကျပ်အတည်း စတင်ချိန်မှစ၍ ဆီးရီးယား ပြည်သူများအား စားနပ်ရိက္ခာနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ အပါအဝင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly