ထိုက်တန်သည့်လက်တုံ့ပြန်မှုကို ပိုမိုအားစိုက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ထုတ်ပြန်

ထိုက်တန်သည့်လက်တုံ့ပြန်မှုကို ပိုမိုအားစိုက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ထုတ်ပြန်

ဇူလိုင် ၂၆

ခေတ်အဆက်ဆက် စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲအတွင်း အသက်ပေးလှူခဲ့ကြသူများ၊ ဖမ်းဆီး ထိန်းသိမ်းခံထားရသူများနှင့် ကိုယ်စိတ်နှလုံးနာကျင်ထိခိုက်စေရန် ညှင်းပန်းနှိပ်စက်ခံခဲ့ကြရသူအားလုံး အတွက် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှ ထိုက်တန်သည့်လက်တုံ့ပြန်မှုကို ပိုမိုအားစိုက် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ပြည်သူတစ်ရပ်လုံးနှင့်အတူ ရှေ့တန်းမှ တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင်လေးဦးအား ပြစ်ဒဏ်စီရင် ပြီးစီး ကြောင်း ပြည်သူကိုကြောက်ရွံ့စိတ်ဖြစ်စေအောင် ခြိမ်းခြောက်ပြခြင်းဖြစ်သော်လည်း ကြောက်ရွံ့ခြင်း မရှိဘဲ “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဟူသော စိတ်ဖြင့် အကြမ်းဖက်စစ်အုပ်စုအား အမြစ်ပြတ်သည် အထိ တော်လှန်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ချက် ပိုမိုအားကောင်းစေခဲ့ကြောင်း ပါရှိသည်။

မတရားသဖြင့်သေဒဏ်ချမှတ်ခံရပြီး တိုင်းပြည်အတွက်အသက်ပေးလှူသွားကြသော ဦးဂျင်မီ၊ ဦးဖြိုးဇေ ယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့အပါအဝင် စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင် ရင်း အသက်ပေးခဲ့ကြရသူများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြရသူများ၊ မတရားဖမ်းဆီးချုပ်နှောင်ခံထား ရသူများကို လေးစားဂုဏ်ယူစွာ ဦးညွှတ်အလေးပြုပြီး “သူရဲကောင်းအပေါင်း ကောင်းရာသုဂတိလားကြ ပါစေ” ဟူ၍လည်း ဆုတောင်းပေးခဲ့သည်။

#Mizzima

#လက်တုံ့ပြန်

#ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required