စစ်အာဏာရှင်က ဒီမိုကရေစီလိုလားသူများအား ကွပ်မျက်မှုကို အမေရိကန်သံရုံးရှုတ်ချ

စစ်အာဏာရှင်က ဒီမိုကရေစီလိုလားသူများအား ကွပ်မျက်မှုကို အမေရိကန်သံရုံးရှုတ်ချ

ဇူလိုင်လ ၂၅ ရက်

အကြမ်းဖက်စစ်ကောင်စီမှ ဒီမိုကရေစီလိုလားသူများအား ကွက်မျက်ခဲ့ခြင်းကို ရှုတ်ချကြောင်း အမေရိကန်သံရုံးက ယနေ့ ဇူလိုင်လ ၂၅ရက်တွင် ထုတ်ပြန်လိုက်သည်။

အခြေခံကျသောလွတ်လပ်ခွင့်များကို ကျင့်သုံးခြင်းကြောင့် ဒီမိုကရေစီလိုလားသည့်ခေါင်းဆောင်များနှင့် ရွေးကောက်ခံကိုယ်စားလှယ်များကို စစ်အာဏာရှင်အဖွဲ့အစည်းက ကွပ်မျက်ခဲ့ခြင်းကို ရှုတ်ချပါသည်ဟု ဆိုထားသည်။

"ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ကို ဆုံးရှုံးရခြင်းအတွက် မြန်မာပြည်သူများနှင့်အတူ မိမိတို့ ပူဆွေးသောကရောက်ရပါသည်။ ကျန်ရစ်သူမိသားစုများ၊ မိတ်ဆွေရောင်းရင်းများစွာနှင့်ထပ်တူ မိမိတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါသည်"ဟု အမေရိကန်သံရုံးက ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးကလည်း အထက်ပါမြန်မာ့ဒီမိုကရေစီသူရဲကောင်း လေးဦးအတွက် ဖယောင်းတိုင် လေးတိုင်ထွန်းကာ ဝမ်းနည်းကြောင်း ပြသထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly