စစ်ကောင်စီက ကိုဂျင်မီ အပါအဝင် ၄ ဦးအား သေဒဏ်စီရင်ခဲ့ခြင်းအပေါ် အစွမ်းကုန် တုံ့ပြန်သွားမည်ဟု NUG ၏ ပြည်သူ့ကာကွယ်ရေး တပ်မတော်ထုတ်ပြန်

စစ်ကောင်စီက ကိုဂျင်မီ အပါအဝင် ၄ ဦးအား သေဒဏ်စီရင်ခဲ့ခြင်းအပေါ် အစွမ်းကုန် တုံ့ပြန်သွားမည်ဟု NUG ၏ ပြည်သူ့ကာကွယ်ရေး တပ်မတော်ထုတ်ပြန်

ဇူလိုင်လ ၂၅ ရက်

အကြမ်းဖက်စစ်ကောင်စီသည် နွေဦးတော်လှန်ရေး၏ သူရဲကောင်းများဖြစ်ကြသော ကိုဂျင်မီ၊ ကိုဖြိုးဇေ ယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ခဲ့ခြင်းအပေါ် NUG ၏ ပြည်သူ့ ကာကွယ်ရေးတပ်မတော်က အစွမ်းကုန်တုံ့ပြန်သွားမည်ဟု ကြောညာချက်ထုတ်ပြန်လိုက်သည်။

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့်စစ်အာဏာရူးတစ်သိုက်၏ ယခုကဲ့သို့သော ဥပဒေမဲ့လုပ်ရပ်များ ကို ၎င်းတို့အပြင် ၎င်းတို့၏ မိသားစုများ၊ အကြမ်းဖက်စစ်အုပ်စုကို နည်းမျိုးစုံဖြင့် ထောက်ခံအား ပေးသူ များ၊ စစ်အုပ်စုနှင့် အကျိုးစီးပွားနှင့်ပတ်သက်နေသူအားလုံးတာဝန်ခံကြရမည်ဟု ဖော်ပြထားသည်။

ပြည်သူနှင့်တိုင်းပြည်အတွက် အသက်ပေးလှုသွားကြသော နွေဦးတော်လှန်ရေး၏အာဇာနည်သူရဲကောင်း များအတွက် ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အနောက်ပိုင်းစစ်ဒေသခွဲ ၊ တပ်မဟာ (၇) မှ အစွမ်းကုန် တုန့်ပြန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည် ဟု ယနေ့ ဇူလိုင် ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်အာဏာကို မတရားလုယူထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် မကြာမီပြုတ်ကျတော့မည့် စစ်အာဏာရူးတစ်သိုက်၏ သေမထူး နေမထူး လုပ်ရပ်ဖြစ်ပြီး ပြည်သူအား လက်နက်အားကိုးဖြင့် အကြောက်တရားထပ်မံရိုက်သွင်းသည့် လုပ်ရပ်တစ်ခုလည်းဖြစ်သည်ဟု ထုတ်ပြန် ချက်တွင် ဆိုထားသည်။

အာဏာသိမ်းစစ်အုပ်စုနှင့် ၎င်းတို့၏ မိသားစုများကို ခေတ်အဆက်ဆက်တွင် အပြစ်ပေးအရေးယူနိုင်ခဲ့ ခြင်းမရှိဘဲ ဥပဒေမှ ကင်းလွတ်ခွင့်ရ‌နေသည်။ အဆိုပါ အခြေအနေများကြောင့် အာဏာသိမ်းမျိုးဆက် တစ်ဆက်ပြီးတစ်ဆက်၏ ပိုမိုဆိုးဝါး ရက်စက် ကြမ်းကြုတ်မှု များအား ပြည်သူများ ပိုမိုခံစားနေရသည် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ပြည်သူနှင့်တိုင်းပြည်အတွက် အသက်ပေးလှုသွားကြသည့် နွေဦး တော်လှန်ရေး၏ အာဇာနည်သူရဲကောင်းများအား ရဲဘော်ရဲဘက်များမှ နှလုံးသွေးရဲရင့်စွာဖြင့် ဂုဏ်ပြု အလေးပြုပါသည်ဟု NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အနောက်ပိုင်းစစ်ဒေသခွဲ၊ တပ်မဟာ (၇)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly