ထိုင်ဝမ်၏နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မှုမတိုင်မီ တရုတ်ရေတပ်သင်္ဘောတစ်စီးက ကျွန်း၏ ကမ်းရိုးတန်းအနီးခုတ်မောင်း

ထိုင်ဝမ်၏နှစ်ပတ်လည်စစ်ရေးလေ့ကျင့်မှုမတိုင်မီ တရုတ်ရေတပ်သင်္ဘောတစ်စီးက ကျွန်း၏ ကမ်းရိုးတန်းအနီးခုတ်မောင်း

တရုတ်ကျူးကျော်ခဲ့ပါက တိုက်ပွဲဝင်အသင့်ဖြစ်ရေးအတွက် ထိုင်ဝမ်၏ တပ်ဖွဲ့အားလုံးပါဝင်သည့် အကြီးဆုံးလေ့ကျင့်မှုဖြစ်သော နှစ်စဉ်ကျင်းပနေကျ ဟန်ကွမ် စစ်ရေးလေ့ကျင့်မှု ဒုတိယအကျော့ မပြုလုပ်မီ တရုတ်ရေတပ်မှ စစ်သင်္ဘောတစ်စီးသည် ထိုင်ဝမ်၏အရှေ့ဘက်ကမ်းရိုးတန်းအနီးတွင် ခုတ်မောင်းသွားခဲ့ကြောင်း Taiwan News က ဖော်ပြသည်။

တရုတ်ရေတပ်သင်္ဘာသည် ဇူလိုင် ၂၂ ရက် နံနက် ၄ နာရီခန့်က ဖန်ဘင်းကမ်းရိုးတမ်းမြို့မှ ရေမိုင် ၄၄ မိုင် (၈၁ ကီလိုမီတာ) အကွာတွင် ပေါ်လာခဲ့ပြီး မြောက်မှ အရှေ့တောင်အရပ်သို့ ခုတ်မောင်းသွားခဲ့သည်ဟု ဆိုသည်။

ကျည်အစစ်များဖြင့် လေ့ကျင့်သည့် ဟန်ကွမ်စစ်ရေးလေ့ကျင့်မှု ဒုတိယအကျော့ကို ဇူလိုင် ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဟု မျှော်လင့်ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာကို ကိုးကား၍ Global Times ကဖော်ပြသည်။

ပထမအကြိမ်လေ့ကျင့်မှုကို မေလ ၁၆ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ကျွန်း၏ အနောက်တောင်နှင့်အရှေ့တောင်တို့တွင် တရုတ်စစ်တပ်မှ လေယာဉ်များ၏ လှုပ်ရှားမှုမှာလည်း သိသိသာသာ တိုးလာကြောင်း ထိုင်ဝမ်ကာကွယ်ရေးအာဏာပိုင်များက ပြောသည်။

မေလ ၁ လတည်းတွင်ပင် H-6 ဗုံးကြဲလေယာဉ်များ၊ J-11 နှင့် J-16 တိုက်လေယာဉ်များ၊ KJ-500 အစောပိုင်းသတိပေးစနစ်လေယာဉ်များ၊ Y-8 ရေငုပ်သင်္ဘောဖျက်လေယာဉ်နှင့် အီလက်ထရွန်နစ် စစ်ပွဲလေယာဉ်များနှင့် Ka-28 ရေငုပ်သင်္ဘောဖျက်စစ်ရဟတ်ယာဉ်များ ပါဝင်သည့် တရုတ်လေယာဉ်အမျိုးအစား ၃၁ မျိုးကျော်သည် ထိုင်ဝမ်လေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးအာဏာပိုင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly