ပါကစ္စတန်၏ စီးပွားရေး ပြိုလဲနိုင်ခြေရှိသည့် အနေအထားအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်သင့်ဟု ကျွမ်းကျင်သူများ ပြောကြား

By The Print
24 July 2022
ပါကစ္စတန်၏ စီးပွားရေး ပြိုလဲနိုင်ခြေရှိသည့် အနေအထားအပေါ် နိုင်ငံတကာက စိုးရိမ်ပူပန်သင့်ဟု ကျွမ်းကျင်သူများ ပြောကြား

ကျဆင်းလာသော စီးပွားရေးတစ်ခုနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေခြင်းနှင့်အတူ ပါကစ္စတန်၏ အနာဂတ် မျှော်လင့်အားရဖွယ် မရှိဘဲ ဖြစ်နေခြင်းအပေါ် ကျွမ်းကျင်ပညာရှင်တို့က စိုးရိမ်ပူပန်လျက် ရှိသည်။ သီရိလင်္ကာ၏ စီးပွားရေး ပြိုလဲမှုက နိုင်ငံတကာကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သကဲ့သို့ ပါကစ္စတန်၏ စီးပွားရေး ပြိုလဲနိုင်မှုကလည်း စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခု ဖြစ်သင့်ကြောင်း ၎င်းတို့က ပြောသည်။

သို့သော် ပါကစ္စတန်၏ အထက်တန်းလွှာ လူတန်းစားတို့က ယင်းအခြေအနေအပေါ် လက်မခံဘဲ ပယ်ချထားပြီး ကျယ်ပြန့်သော လူအဖွဲ့အစည်း၌ ကြွယ်ဝချမ်းသာသော ဘဝတစ်ခုဖြင့် နေထိုင်နေသည့် ၎င်းတို့၏ ရှိရင်းစွဲ အခြေအနေက အမြဲထာဝရဖြစ်လိမ့်မည်ဟု ယုံကြည်လျက် ရှိသည်။ အခြေအနေကောင်းများမှာ ပြိုလဲနေသလို ရလဒ်လည်း ကောင်းလိမ့်မည် မဟုတ်ကြောင်း The National Interest မဂ္ဂဇင်းက မှတ်ချက်ပြုသည်။

ယူကရိန်း-ရုရှား ပဋိပက္ခက တစ်ကမ္ဘာလုံး၏ စီးပွားရေးအပေါ် သက်ရောက်ထိခိုက်မှု ဖြစ်စေခဲ့သည်။

စီးပွားရေး အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေခဲ့ရပြီးဖြစ်သလို ဆယ်စုနှစ်များနှင့်ချီ အကျင့်ပျက်ခြစားမှု၊ စီမံခန့်ခွဲမှု မှားယွင်းမှုနှင့် တည်ငြိမ်မှု မရှိသော အုပ်ချုပ်မှုတို့နှင့်အတူ အထူးသဖြင့် ပါကစ္စတန်၏ အခြေအနေက ခံနိုင်ရည် အားနည်းနေသည်။ နိုင်ငံအများအပြားသည် ဂျုံ သို့မဟုတ် နိုင်ငံခြားစွမ်းအင် သွင်းကုန်များအတွက် ယူကရိန်း သို့မဟုတ် ရုရှားအပေါ် မှီခိုအားထားနေရချိန် ပါကစ္စတန်သည် နှစ်မျိုးစလုံးကို လိုအပ်နေသည်။

၂၀၂၀ ဇူလိုင်လနှင့် ၂၀၂၁ ဇန်နဝါရီလအကြား ပါကစ္စတန်သည် အင်ဒိုနီးရှားနှင့် အီဂျစ်ပြီးပါက ယူကရိန်း ဂျုံတင်ပို့မှုများကို တတိယမြောက် အများဆုံး ဝယ်ယူသူနိုင်ငံ ဖြစ်ခဲ့သည်။ ရေနံဈေးနှုန်းများ မြင့်တက်ခြင်းက ပါကစ္စတန်ကို အထိနာစေခဲ့ပြီး ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အကြား ကာလမှာပင် ယင်း၏သွင်းကုန်တင်သွင်းမှု စရိတ်စကပိုင်းတွင် ၈၅ ရာခိုင်နှုန်းကျော် ထိုးတက်ကာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံနီးပါးအထိ ရောက်ရှိစေခဲ့ကြောင်း The National Interest မဂ္ဂဇင်းက ဖော်ပြသည်။

၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက် ပါကစ္စတန်၏ ဘဏ္ဍာနှစ် ကုန်ဆုံးချိန်တွင် ယင်း၏ ကုန်သွယ်မှု လိုငွေပြမှုက အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ နားကပ်နေခဲ့ပြီး အစောပိုင်းနှစ်ကထက် ၅၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly