ပန်းတနော်မြို့နယ်တွင် စစ်ကောင်စီဝါဒဖြန့် မြန်မာ့အသံနှင့် မြဝတီရုပ်သံလိုင်းများသာကြည့်ရန် လိုက်လံ ကြေညာ

ပန်းတနော်မြို့နယ်တွင် စစ်ကောင်စီဝါဒဖြန့် မြန်မာ့အသံနှင့် မြဝတီရုပ်သံလိုင်းများသာကြည့်ရန် လိုက်လံ ကြေညာ

ဇူလိုင်လ ၂၄ ရက်

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် စစ်ကောင်ဝါဒဖြန့် မြန်မာ့အသံနှင့် မြဝတီရုပ်သံလိုင်းများကိုသာ ကြည့်ရှုရန် အုပ်ချုပ်ရေးမှူးဦးဆောင်၍ လိုက်လံကြေညာနေကြောင်း ဒေသခံများထံမှ သိရသည်။

ပန်းတနော်မြို့နယ် ကဿဝင်ကျေးရွာအုပ်စုအတွင်းရှိ ကဿဝင်ရွာမ၊ အောက်ကဇင်းတော၊ အထက် ကဇင်းတော၊ သရက်နှစ်ပင်၊ ဇလုပ်ငူ၊ ကျွန်းသာယာနှင့် ဖိုးနန်းကျွန်းကျေးရွာအပါဝင် ကျေးရွာပေါင်း ၂၀ ကျော်၌ ဇူလိုင်လတတိယပတ်အတွင်းက လိုက်လံကြေညာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြော သည်။

“ ကဿဝင်ကျေးရွာအုပ်စုမှာ စစ်တပ်ကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးသန်းဌေးနဲ့ မှုခင်းသတင်းထောက် သန်းညွန့်တို့ပေါင်းပြီး မြဝတီနဲ့မြန်မာ့အသံလိုင်းတွေပဲကြည့်ဖို့၊ ဒီဗွီဘီနဲ့ မဇ္စျိမလိုင်းတွေကိုမကြည့်ဖို့ လော်စပီကာနဲ့ လိုက်ပြီး ကြေညာနေတာပါ။ ကျွန်တော်တို့ရွာတွေမှာ ဘယ်အိမ်မှ မြန်မာ့အသံနဲ့ မြဝတီကို မကြည့်ပါဘူး” ဟုဒေသခံကတစ်ဦးကပြောသည်။

၎င်းအပြင် မဇ္စျိမနှင့် ဒီဗွီဘီရုပ်သံလှိုင်းများကိုကြည့်ပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူ ခြင်းများပြုလုပ်သွားမည်ဟု ၎င်းတို့ကြေညာသည့်အထဲတွင် ခြိမ်းခြောက်ပြောဆိုသွားကြောင်း ဒေသခံက ဆက်လက်ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များနှင့်ရဲများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြောင်း မဲ့ဖမ်းဆီးသတ်ဖြတ်မှုများ၊ လူနေအိမ်အများပြားကို မီးရှို့ဖျက်ဆီးမှုများ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုများနှင့် မတရားဖမ်းဆီးမှုများကို နေ့စဥ်ဖော်ပြပေးနေသည့်သတင်းဌာနများမှသတင်းများကို မကြည့်ကြရန် လိုက် လံကြေညာနေခြင်းဖြစ်သည်။

“ ဒီဗွီဘီနဲ့ မဇ္စျိမလိုင်းတွေကိုမကြည့်ခိုင်းဘူး ဆိုတာက ရှင်းပါတယ်။ စစ်တပ်ရဲ့ ကျရှုံးမှုတွေ၊ ယုတ်မာတွေ ပေါ်မှာစိုးလို့ မကြည့်ခိုင်းတာပါ။ တချို့ရွာတွေမှာ ဒီဗွီဘီနဲ့ မဇ္စျိမလိုင်းတွေမိတဲ့ PSI စ လောင်းတွေကို အုပ်ချုပ်ရေးမှူးတွေက ဖြုတ်သိမ်းသွားပြီးဆိုပေမယ့် မဇ္စျိမနဲ့ ဒီဗွီဘီရဲ့Facebook မှာတင်တဲ့ သတင်းတွေ ကို အမြဲဖတ်နေကြတာတွေ့ရတယ်” ဟု ပန်းတနော်ဒေသခံတစ်ဦးက ၎င်းတို့သတင်းများဖတ်ရှုနေရသည့် အခြေအနေကိုပြောပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly