ထားဝယ်မြို့မ ရဲစခန်းမှူး ဖမ်းဆီးခံရဟု သတင်းများ ထွက်ပေါ်နေ

ထားဝယ်မြို့မ ရဲစခန်းမှူး ဖမ်းဆီးခံရဟု သတင်းများ ထွက်ပေါ်နေ

ဇူလိုင်လ ၂၄ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ရဲစခန်းမှူးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း မြို့ခံများထံမှ သိရသည်။

ထားဝယ်မြို့မ ရဲစခန်းမှူး ဒုရဲမှူးစိုးနိုင်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါမြို့မစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက် နေရာ ယူထားကြောင်းလည်း မြို့ခံတချို့၏ ပြောဆိုချက်အရ သိရသည်။

ထားဝယ်မြို့ခံ တစ်ဦးက“စခန်းမှူးကို စစ်တပ်က ဖမ်းထားတယ်ဆိုပြီး သတင်းထွက်နေတာက သုံးလေးရက် ရှိနေပြီ လက်ရှိအချိန် အထိတော့ ဘယ်သူမှ အတည်မပြုနိုင်သေးပါဘူး”ဟု ပြော သည်။

ထားဝယ်မြို့မ ရဲစခန်းမှူးကို စစ်ကောင်စီက ဇူလိုင်လ ၁၈ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ထားဝယ်တော်လှန်ရေးအင်အားစုနှင့် ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

၎င်းကို စစ်ကောင်စီက PDF အဖွဲ့အစည်းများကို ထောက်ပံ့နေသည်ဟု စွပ်စွဲချက်အပြင် အဂတိ လိုက်စားမှုနှင့် လူကုန်ကူးမှု အပါအဝင် စသည့်အမှုများနှင့် ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟုလည်း ယင်းဒေသအခြေစိုက် သတင်းအရင်းအမြစ်များက ဖော်ပြထားသည်။

မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ထားဝယ်မြို့မ ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာတွင်လည်း တစ်စုံတစ်ရာ လက်ခံ ဖြေဆိုခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly