တရုတ်ဟဲနန်ဘဏ်က ကတိပြုထားသော်လည်း ငွေအပ်နှံသူများအား ငွေပြန်မထုတ်ပေးနိုင်

တရုတ်ဟဲနန်ဘဏ်က ကတိပြုထားသော်လည်း ငွေအပ်နှံသူများအား ငွေပြန်မထုတ်ပေးနိုင်

တရုတ်ဟဲနန်ပြည်နယ် ကျေးရွာများမှ ဘဏ်ငွေအပ်နှံထားသူများအား ဇူလိုင် ၁၅ ရက်မှစတင်ကာ ထိန်းချုပ် ထားသောအပ်ငွေများကို အသုတ်လိုက်ပြန်လည်ထုတ်ပေးသွားမည်ဟု ဘဏ်က ကတိပြုထား သော်လည်း ငွေအပ်နှံသူအနည်းငယ်သာ ၎င်းတို့ငွေများ ပြန်ရသေးသည့်အတွက် ဘဏ်တွင် ငွေ ရှိ၊ မရှိနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်လာသည်။

ဇူလိုင် ၁၀ ရက်က ဘဏ်ငွေအပ်နှံထားသူ ၁ ၀၀၀ ထက်မနည်းသည် ၎င်းတို့၏ အကြီးမားဆုံး ဆန္ဒပြပွဲအတွက် တရုတ်ဗဟိုဘဏ်၏ ကျန်းကျိုးဘဏ်ခွဲအပြင်ဘက်တွင် စုဝေးခဲ့ကြသည်။

ဟဲနန်ရှိ ရွာများနှင့်မြို့များမှ ဘဏ်ငွေ အပ်နှံထားသူအချို့သည် ဇူလိုင် ၁၅ ရက်တွင် ၎င်းတို့အပ်ငွေများ ပြန်လည်ရရှိမည်ဟု ဟဲနန်ပြည်နယ်ဘဏ္ဍာရေးကြီးကြပ်ကွပ်ကဲမှုဗျူရို၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် ဘဏ်အပ်နှံသူအနည်းငယ်သာ ပြန်အပ်ငွေရနိုင်ကြောင်း ပုဂ္ဂလိကမီဒီယာများက ယူဆထားကြပြီး တရုတ်အစိုးရမီဒီယာက အပ်ငွေပြန်လည်ထုတ်ပေးမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိပေ။

ဒေသန္တရာအစိုးရများသည် ဝင်ငွေအများအပြားကို မြေငှားရမ်းခြင်း အထူးသဖြင့် အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ ရရှိကြသည်။ စီမံကိန်းများစွာ မပြီးမပြတ်ဘဲ ဆောက်လုပ်ရေးကုမ္ပဏီအများအပြားက မြေယာများကို ထပ်မံ မဝယ်ယူသည့်နောက်ပိုင်း ဒေသန္တရအစိုးရ၏ ဝင်ငွေ ထိခိုက်လာသည်။

မီဒီယာ၏ဖော်ပြချက်အရ အိမ်ဝယ်သူများက ချေးငွေဆပ်မှုကို ချက်ချင်းမဖြေရှင်းဘဲ ရပ်ဆိုင်းထားရခြင်းမှာ မြို့ပြ ဆောက်လုပ်ရေးနှင့်အိမ်ခြံမြေကို တိုက်ရိုက်ကြီးကြပ်သော စီနီယာအရာရှိများမှလွဲ၍ အောင်မြင်သော အိမ်ခြံမြေ ကုမ္ပဏီအားလုံးနီးပါးသည် Evergrande (တရုတ်တွင် အကြီးမားဆုံးသောအိမ်ခြံမြေ အကျိုးဆောင်) မှ လုပ်ငန်းရှင် ရှုကျားရင်နှင့် ကွန်မြူနစ်ပါတီ နိုင်ငံရေးသမား ကျန်းချင်းဟောင်၏ တူမ ဇန်းပေါင်ပေါင် ကဲ့သို့သော ဩဇာကြီးသည့် တရုတ်ကွန်မြူနစ်ပါတီမိသားစု တစ်ဦးဦးနှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်ဟု မီဒီယာက ဖော်ပြသည်။

ဟဲနန်ပြည်နယ်တွင် ဘဏ်ငွေအပ်နှံသူများက ၎င်းတို့ အပ်နှံငွေများထိန်းချုပ်ထားမှုအပေါ် ဆန္ဒပြရာတွင် တရုတ်ရဲတပ်ဖွဲ့ဝင်များဟု သံသယရှိနေကြသည့် အဖြူရောင်ဝတ်စုံဝတ်လူများသည် ကျန်းကျိုးဘဏ်၏အရှေ့တွင် ဆန္ဒပြမှုများကို နှိမ်နင်းခဲ့သည်။

ရာနှင့်ချီသော ငွေအပ်နှံသူများသည် ဟဲနန်ပြည်နယ်မြို့တော် ကျန်းကျိုးမြို့တွင် ဆန္ဒဖော်ထုတ်မှုများစွာ ပြုလုပ်ခဲ့ကြသော်လည်း ၎င်းတို့၏ တောင်းဆိုချက်များကို တရုတ်အာဏာပိုင်များက လျစ်လျူရှုထားဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly