အိမ်ထောင်သည်ဝန်ထမ်းများကို မူရင်းလစာ၏ ၈ ရာခိုင်နှုန်း အိမ်ငှားစရိတ်ထောက်ပံ့မည်ဟု စစ်​ကောင်စီထုတ်ပြန်

အိမ်ထောင်သည်ဝန်ထမ်းများကို မူရင်းလစာ၏ ၈ ရာခိုင်နှုန်း အိမ်ငှားစရိတ်ထောက်ပံ့မည်ဟု စစ်​ကောင်စီထုတ်ပြန်

ဇူလိုင်လ ၂၂ ရက်

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အိမ်ထောင်သည်ဝန်ထမ်းများ(အမြဲတမ်း)ကို မူရင်းလစာ၏ ရှစ်ရာခိုင်နှုန်းအိမ်ငှားစရိတ်ထောက်ပံ့မည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ ဇူလိုင် ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

အမြဲတမ်းဝန်ထမ်းများကို အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာ၏ ရှစ်ရာခိုင်နှုန်းနှင့် လူပျို၊ အပျိုဖြစ်ပါက လေးရာခိုင်နှုန်းခံစားခွင့်ပေးမည်ဖြစ်ပြီး အသေးစိတ်ကို ဇူလိုင်လ ၂၅ရက်နေ့တွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီက အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၈၅၀ သတ်မှတ်ထားသော်လည်း ပြင်ပတွင် တစ်ဒေါ်လာလျှင် ကျပ် ၂၄၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး လောင်စာဆီ၊ အစားအသောက်နှင့် ဆေးဝါးဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။

ယခု ၂၀၂၂ခုနှစ်၏ ဂျီဒီပီသည် NLDအစိုးရလက်ထက်၂၀၁၉ ခုနှစ်တွင်ရှိခဲ့သည့်နှုန်းနှင့် နှိုင်း

ယှဥ်ပါက ၁၃ ရာခိုင်နှုန်းဆက်လက် နိမ့်ကျ​နေမည်ဖြစ်​ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly