အဆုံးသတ်တိုက်ပွဲအတွက် အားလုံးတချိန်တည်း၊ တပြိုင်တည်းတိုက်မည်ဟု ဒေါက်တာဇော်ဝေစိုး တပ်လှန့်

အဆုံးသတ်တိုက်ပွဲအတွက် အားလုံးတချိန်တည်း၊ တပြိုင်တည်းတိုက်မည်ဟု ဒေါက်တာဇော်ဝေစိုး တပ်လှန့်

ဇူလိုင်လ ၂၂ ရက်

အဆုံးသတ်တိုက်ပွဲအတွက် အားလုံးတချိန်တည်း တပြိုင်တည်းတိုက်ပွဲခေါ်မည်ဖြစ်ပြီး တချိန်တည်း တပြိုင်တည်း တိုက်မည်ဟု ဒေါက်တာဇော်ဝေစိုးက တပ်လှန့်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး နှင့်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၎င်း​၏ ဇူလိုင် ၂၂ရက် ညပိုင်းတွင် လူမှု့ကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

" အားလုံးအဆင်သင့်တိုက်ပွဲအတွ​က် ပြင်ဆင်ကြလော့" ဟု ဆိုကာ အချက် ခုနှစ်ချက်ဖြင့် ရေးသားဖော်ပြထားသည်။

ပြည်သူများအနေဖြင့် နောက်ဆုံးအထွေထွေသပိတ်ကြီး ဆင်နွှဲရန်ပြင်ဆင်ကြရန်၊ CDM များ NUG ယန္တရား ERO ယန္တရားများတွင်ပါဝင်ကြရန်၊ လက်တွဲထားပြီး ERO ညီအစ်ကိုများ အဆင့်ပြင်ထားကြရန်၊ လက်မတွဲရသေးသော ERO များ အမြန်ဆုံးလက်တွဲကြရန်၊ Non CDM များ အလင်းဝင်ကြပါ။ နောက်ဆုံးအကြိမ်သတိပေးခြင်းပါ ဟု ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ စစ်သားရဲသားများ လက်နက်ချအလင်းဝင်ကြရန်၊ ပြည်သူ၊ ERO နှင့် PDF များနှင့် ပူးပေါင်းရန်။ PDF များအသင့်ပြင်ထားကြပါ။ အားလုံးတချိန်တည်း၊ တပြိုင်တည်းတိုက်ပွဲခေါ်ပါမည်။ တချိန်တည်း တပြိုင်တည်း တိုက်ပါမည်ဟု တပ်လှန့်ထားသည်။

ထို့အပြင် " အဆုံးသတ်တိုက်ပွဲဆင်နွှဲတော့မည်။ လူသူ လက်နက်ပြင်ဆင်ထားပြီးပြီ" ဟု ဆိုထားပြီး တော်လှန်ရေးအသုံးစရိတ်အတွက် တော်လှန်ရေးငွေတိုက်စာချုပ်ဝယ်ကြရန်၊ တော်လှန်ရေးရန်ပုံငွေအစုရှယ်ယာဝယ်ကြရန်၊ တော်လှန်ရေးထောက်ပို့လှုဒါန်းကြရန်၊ ဒေါ်လာ သန်း ၅၀ခန့်လိုအပ်နေပြီး အဆုံးသတ်တိုက်ပွဲအတွက် ပါဝင်ပေးကြရန် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly