နေပြည်တော် PDF တပ်ရင်း (၈ဝ၄)က အစ္စလာမ်ဘာသာဝင် PDF ရဲဘော် ဗိုလ်တောက်ထိန်

နေပြည်တော် PDF တပ်ရင်း (၈ဝ၄)က အစ္စလာမ်ဘာသာဝင် PDF ရဲဘော် ဗိုလ်တောက်ထိန်

နေပြည်တော် PDF  တပ်ရင်း(၈ဝ၄)က အသက် ၄ဝ ကျော်အရွယ် ဗိုလ်တောက်ထိန်ဟာ မိရိုးဖလာ အစ္စလာမ်ဘာသာ ကိုးကွယ်ယုံကြည်သူတဦးဖြစ်ပါတယ်။

သူဟာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန် ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေအထဲ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်မှုတွေကြောင့် လက်နက်ကိုင် ခုခံတော်လှန်ဖို့ ဆုံးဖြတ်ခဲ့သူပါ။

“မြန်မာ့နိုင်ငံရေးလောက ကနေ စစ်အာဏာရှင်ကို အပြီးတိုင် မောင်းထုတ်ချင်တယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အစ္စလာမ်တွေရဲ့ပုံရိပ်ကို ခေတ်အဆက်ဆက်မှာ ချိုးနှိမ်ထားခဲ့တာ။ တော်လှန်ရေးပြီးသွားတဲ့ တနေ့ကျရင်တော့ အဲ့ဒါတွေ မရှိတဲ့ နိုင်ငံတခု ဖြစ်စေချင်တယ်။ ခွဲခြားဆက်ဆံမှု၊ ဘာသာရေးအယူသီးမှုတွေ အဲဒါတွေ ကျွန်တော် လက်မခံချင်တော့ဘူး” လို့ အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်ဖို့ နေအိမ်ကနေ ထွက်ခွာလာခဲ့သူ ဗိုလ်တောက်ထိန်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required