မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များမှ ကလေးငယ်များနှင့် ပြည်သူများအား အကာကွယ်ပေးရေး အတွက် ချက်ချင်းအရေးယူဆောင်ရွက်ရန် လုံခြုံရေးကောင်စီကို သံအမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်း

မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များမှ ကလေးငယ်များနှင့် ပြည်သူများအား အကာကွယ်ပေးရေး အတွက် ချက်ချင်းအရေးယူဆောင်ရွက်ရန် လုံခြုံရေးကောင်စီကို သံအမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်း

ဇူလိုင်လ ၂၀ ရက်

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များမှ ကလေးငယ်များနှင့်ပြည်သူများအား အကာကွယ်ပေးရန်အတွက် ချက်ချင်းအရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အလေးထားတိုက်တွန်းလိုက်သည်။

ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပသည့် “ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခ” ကုလလုံခြုံရေး ကောင်စီ အစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ ကြောင်း NUG အစိုးရက ဇူလိုင်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်တပ်ကအာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်အတွင်း ကလေးများအပေါ်ကျူးလွန်သည့် ဆိုးဝါးသော အကြမ်းဖက်လုပ်ရပ် အရေအတွက်သည် ၂၂,၆၄၅ မှုအထိရှိခဲ့ပြီး ကလေးငယ်ပေါင်း ၂၀,၀၀၀ ဝန်းကျင် အပေါ် အကျိုးသက်ရောက်မှုရှိခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

ရွေးကောက်ခံအရပ်သားအစိုးရနှင့် ရွေးကောက်ခံအရပ်သားလွှတ်တော်တို့ တာဝန်ယူသည့် အချိန် ကတည်းက စစ်တပ်သည် ကလေးသူငယ်များအပေါ် ဆိုးဝါးသည့်အကြမ်းဖက်လုပ်ရပ်များ အဓိက ကျူး လွန်သူဖြစ်ကြောင်း ဆိုသည်။

ယင်းအပြင် အဓမ္မအာဏာသိမ်းမှုပြီးနောက် မြန်မာကလေးသူငယ်များအား အကြမ်းဖက်လုပ်ရပ်များမှ တားဆီးပေးနိုင်မည့် ဥပဒေကာကွယ်မှုမရှိတော့ဘဲ စစ်တပ်သည် ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းများတွင် ဖော်ပြ သည့် တာဝန်ဝတ္တရားများနှင့်အညီ မြန်မာနိုင်ငံ၌ဖြစ်ပွားနေသည့် ကလေးသူငယ်များအပေါ် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်နေသောစစ်တပ်၏ လုပ်ရပ်များကိုရပ်တန့်ရန်၊ ကျောင်းနှင့် ဆေးရုံများကို စစ်တပ် က အလွဲသုံးစားမှုများကို ရပ်တန့်ရန်၊ ထိန်းသိမ်းခံထားရသည့် ကလေးသူငယ်များ လွတ်မြောက်စေရန် အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနှင့် ခိုင်မာပြတ်သားစွာ ချက်ချင်းအရေးယူ ဆောင်ရွက်ရန် လိုအပ်နေကြောင်း ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ၌သာမက အခြားပဋိပက္ခအခြေအနေများတွင်လည်း ကလေးငယ်များကို ကာကွယ်စောင့် ရှောက်ရန်နှင့် ပြစ်မှုကျူးလွန်သူအားလုံး ပြစ်ဒဏ်ကျသင့်ရေး၊ လူသားချင်းစာနာမှု အကူအညီများ လိုအပ် သည့် ကလေးသူငယ်များထံ အတားအဆီးမရှိ ရောက်ရှိစေရေးအတွက် လုံခြုံရေးကောင်စီသည် ဖြစ်နိုင် သည့် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly