နွားထိုးကြီး-တောင်သာလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် အိမ်စီးကား ၂ စီး မိုင်းဆွဲခံရ

နွားထိုးကြီး-တောင်သာလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် အိမ်စီးကား ၂ စီး မိုင်းဆွဲခံရ

ဇူလိုင် ၂၀

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် နွားထိုးကြီးမြို့ဘက်မှ တောင်သာမြို့နယ်ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် အိမ်စီးကား မှန်လုံနှစ်စီးကို နွားထိုးကြီး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“နွားထိုးဘက်ကနေ အိမ်စီးကားနှစ်စီးထွက်လာတာ သတင်းရလို့ ရန်ကင်း-သာစည်တံတားနားမှာ မိုင်းဆွဲ ခဲ့တာပါ။ တစ်စီး ထိတယ်ဗျ။ ကားပေါ်ကစခတွေ ကြောက်ပြီး ရမ်းသန်းပစ်ခတ်လို့ နထိုးအဖွဲ့က အချက် ၅၀ ကျော်လောက် ပြန်ပစ်ခတ်ခဲ့တယ်။ တစ်စီးက တောင်သာဘက်ကို ဝင်လာတယ်။ ည ၁၁ နာရီ ကျော် လောက်မှာ နွားထိုးက လိုက်ထရပ်ကားတစ်စီးနဲ့ မိုင်းဆွဲခံရတဲ့နေရာမှာ မိုင်းထိတဲ့သူတွေကို လာကောက် သွားတယ်” ဟု NPDF မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါကားနှစ်စီးအနက် တစ်စီးသာ တောင်သာမြို့ဘက်သို့ရောက်ရှိနေပြီး နောက်တစ်စီးမှာမူ တောင် သာမြို့ကိုလည်းမရောက် နွားထိုးကြီးမြို့ဘက်သို့လည်း ပြန်လှည့်လာခြင်းမရှိကြောင်း NPDF တာဝန်ခံက ဆက်ရှင်းပြသည်။

နွားထိုးကြီး-တောင်သာနယ်စပ် ရန်ကင်း-သာစည်တံတားအနီးတွင် ဇူလိုင်လ ၁၇ ရက်နေ့ ည ၁၀ နာရီခန့် ကလည်း ဒေသကာကွယ်ရေးအဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီးထိမှန်ပြီး စစ်သားငါးဦး သေဆုံးကာ အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ ၁၇ ရက် နံနက် ၁၁ နာရီခန့်ကလည်း မြင်းခြံဘက်မှ နွားထိုးကြီးဘက်သို့ မောင်းနှင် လာသော စစ်သား ၁၀ ဦးခန့်လိုက်ပါလာသည့် စစ်ကားတစ်စီးကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မိုင်းရှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

#Mizzima

#မန္တလေးတိုင်း

#မြင်းခြံ

#နွားထိုးကြီး

#တောင်သာ

#NPDF

#မိုင်းဆွဲခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly