နို်ငငံတကာ အကြီးတန်းအမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တရုတ်ပါဝင်မှုအပေါ် တူရကီရှိ ဝီဂါတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

နို်ငငံတကာ အကြီးတန်းအမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တရုတ်ပါဝင်မှုအပေါ် တူရကီရှိ ဝီဂါတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ဝီဂါအသိုက်အဝန်း၏ အခွင့်အရေးများကို အားပေးထောက်ခံသော အပြည်ပြည်ဆိုင်ရာ အရှေ့တာကစ္စတန် အင်န်ဂျီအိုများသမဂ္ဂမှ တက်ကြွလှုပ်ရှားသူများသည် ဇူလိုင် ၁၅ ရက်က တူရကီရှိ ဘောလီဘော အားကစားရုံ တစ်ရုံအတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီး တရုတ်နှင့်အီတလီပွဲစဉ်ကို နှောင့်ယှက်ခဲ့သည်ဟု ဒေသတွင်း မီဒီယာ တစ်ခုက ဖော်ပြခဲ့သည်။

အပြည်ပြည်ဆိုင်ရာအရှေ့တာကစ္စတန်အင်န်ဂျီအိုများသမဂ္ဂမှတက်ကြွလှုပ်ရှားသူများသည် တူရကီနိုင်ငံ အန်ကာရာအားကစားရုံ၌ကျင်းပနေသော နိုင်ငံတကာ အကြီးတန်းအမျိုးသမီးများ ဘောလီဘောအဖွဲ့ချုပ် (FIVB) ၏ အမျိုးသမီးဘောလီဘောပွဲတွင် တရုတ်နိုင်ငံပါဝင်သည့်အတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

သို့သော် ဒေသအာဏာပိုင်များက ပွဲစဉ်ကို အနှောင့်အယှက်မဖြစ်စေရန် ဝင်ရောက်လာသူများကို တားဆီးနိုင်ခဲ့ပြီး အီတလီက ၃ ပွဲ ၂ ပွဲဖြင့် အနိုင်ရခဲ့သည်။

မကြာသေးမီကလည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများစွာသည် တူရကီနိုင်ငံအနှံ့၌ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ရာတွင် ဇူလိုင်လက ၁၃ နှစ်မြောက် အူရမ်ကီအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ဝီဂါများအပေါ် တရုတ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ အဆိုပါအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် ရှင်ကျန်းတွင် ၂၀၀၉ ခုနှစ် ဇူလိုင် ၅ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝီဂါရွှေ့ပြောင်းများအတွက် နာကျင်စရာကောင်းသော အမှတ်တရပင်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အရှေ့တာကစ္စတန်အင်န်ဂျီအိုများသမဂ္ဂနှင့် ဝီဂါအကယ်ဒမီဖောင်ဒေးရှင်းတို့သည် အန်ကာရာမြို့ အူလပ်စ်ရင်ပြင်၌ ဇူလိုင် ၅ ရက်က တစ်ရက်ကြာ ဆန္ဒပြခဲ့ကြရာတွင် လူပေါင်း ၁၅၀ ကျော် ပါဝင်ခဲ့ကြသည်။

အစ္စလာမ္မစ်ပညာရှင်များနှင့် အသိပညာရှင်များသည် ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုကို အလေးထားမိကြစေရန်နှစ် ၎င်းတို့နှင့် ကွန်မြူနစ်ပါတီတို့၏ တိုက်ပွဲကို အကူအညီပေးရန် ဇွန်လအလယ်က အစ္စတန်ဘူလ်တွင် နိုင်ငံတကာညီလာခံကို ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly