ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်တွင် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA နှင့် KPDF တို့က ကြားဖြတ်တိုက်ခိုက်

ဖားကန့်မြို့နယ် လီဒိုလမ်းမကြီးပေါ်တွင် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA နှင့် KPDF တို့က ကြားဖြတ်တိုက်ခိုက်

ဇူလိုင်လ ၁ ရက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA တပ်မဟာ (၂) တပ်ရင်း (၂၀) ဒေသ၊ လီဒို လမ်းမကြီးပေါ်ရှိ လဝါးကျေးရွာ နှင့် ဒွမ်ဘန်ကျေးရွာ ကြား တွင် ဇွန်လ ၃၀ ရက်နေ့၊ မနက် ၅ နာရီခန့် က ခြေလျင်စစ်ကြောင်းထိုးလာသော ခလရ(၂၉၈) တပ်မှ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းမှာ လဝါး KBC ဘုရားကျောင်းတွင် ညအိပ်ရပ်နားခဲ့ပြီး မနက်စစ်ကြောင်း ပြန်ထွက်ချိန် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကာ တိုက်ပွဲမှာ ၂၀ မိနစ်ခန့်ကြာ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်ရှိနိုင်ကြောင်း သိရသည်။

အနီးအနားရှိ ပြည်သူများက ဗုံးသံ သေနတ်သံများ ကြားရသောကြောင့် ပုန်းနေရကြောင်း ပြောဆိုသည်။ လီဒိုလမ်းပေါ်ရှိ လဝါးကျေးရွာ တစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် KIA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly