ယူကရိန်း၏ အိုဒက်ဆာဒေသရှိ တိုက်ခန်းအဆောက်အအုံ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီး လူ ၁၄ ဦး သေဆုံး

ယူကရိန်း၏ အိုဒက်ဆာဒေသရှိ တိုက်ခန်းအဆောက်အအုံ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီး လူ ၁၄ ဦး သေဆုံး

ဇူလိုင်လ ၁ ရက်

ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒက်ဆာဒေသရှိ တိုက်ခန်းအဆောက်အအုံတစ်ခု ဇူလိုင် ၁ ရက် အစောပိုင်းက ဒုံးကျည်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ယူကရိန်းအာဏာပိုင်တို့က ပြောသည်။

“လူ ၁၄ ယောက် သေဆုံးသွားပါတယ်။ အခြား လူ ၃၀ လောက်ကတော့ ဒဏ်ရာတွေ ရခဲ့ပါတယ်” ဟု အရေးပေါ်ဝန်ဆောင်မှုဌာန တာဝန်ရှိသူများက တယ်လီဂရမ်တွင် ပြောသည်။

ကလေးသုံးဦး အပါအဝင် လူ ခုနစ်ဦးကို အဆောက်အအုံ အုတ်ကျိုးအုတ်ပဲ့များကြားထဲမှ ကယ်ထုတ်ပေးခဲ့ရသည်ဟု ၎င်းတို့က ပြောသည်။

ပင်လယ်နက်ဘက်မှ ပျံသန်းဝင်ရောက်လာသည့် လေယာဉ်တစ်စင်းက ယခု တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အိုဒက်ဆာ စစ်ဘက်စီမံအုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာဂေး ဘရတ်ချက်ခ်က ပြောသည်။

ဘီလ်ဂိုရော့ဒ်-ဒီနစ်ထရော့ဗ်စကီး ခရိုင်ရှိ ကိုးထပ်အဆောက်အအုံသည် ဒုံးကျည် တိုက်ခိုက်ခံရမှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

ရုရှ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းအလယ်ပိုင်း ခရီမန်ချက်ခ်မြို့ ဈေးဝယ်စင်တာတစ်ခု မီးလောင်ကျွမ်းပျက်စီးပြီး အရပ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအကြာ ယခု အိုဒက်ဆာဒေသ တိုက်ခန်းအဆောက်အအုံ တိုက်ခိုက်ခံရမှုဖြစ်စဉ် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

ဒုံးကျည် တိုက်ခိုက်မှုဖြစ်စဉ်အတွက် မော်စကို၏ တပ်ဖွဲ့များတွင် တာဝန်မရှိဟု ရုရှသမ္မတ ဗလာဒီမာ ပူတင်က ငြင်းဆန်သည်။

တောင်ပိုင်း အိုဒက်ဆာ ဒေသသည် မဟာဗျူဟာကျ ဒေသတစ်ခုဖြစ်ပြီး ယင်းတွင် ယူကရိန်း၏ သမိုင်းဝင် အိုဒက်ဆာ ဆိပ်ကမ်းမြို့လည်း ရှိသည်။

ယမန်နေ့က ရုရှတပ်ဖွဲ့များသည် အိုဒက်ဆာ ကမ်းရိုးတန်း၏ ပြင်ပတွင် ရှိသည့် မဟာဗျူဟာကျ မြွေကျွန်းကနေ ဆုတ်ခွာသွားခဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly