ပေါက်ကားကျေးရွာ ပျူစောထီးအတွင်းရေးမှူး ဒုခေါင်းဆောင်ကို ဒေသကာကွယ်ရေးတပ် ရှင်းလင်း

ပေါက်ကားကျေးရွာ ပျူစောထီးအတွင်းရေးမှူး ဒုခေါင်းဆောင်ကို ဒေသကာကွယ်ရေးတပ် ရှင်းလင်း

ဇူလိုင်လ ၁ ရက်
 

စစ်ကိုင်းတိုင်းဒေသကြီး ၊စစ်ကိုင်းမြို့နယ် အတွင်းရှိ ပေါက်ကားကျေးရွာ ၏ စစ်ကောင်စီတပ်သတင်းပေး ပျူစောထီးအဖွဲ့ရဲ့ အတွင်းရေးမှူး ဒုခေါင်းဆောင်ညီညီ ကို ဒေသကာကွယ်ရေးတပ် တိုက်နယ်စွန်အဖွဲ့က ဇွန်လ ၂၉ ရက်နေ့ ညနေ ၃နာရီအချိန်ခန့်က ရှင်းလင်းခဲ့ကြောင်း သိရသည်။

“ မနက်ပိုင်း လယ်ထဲမှာ စက်မောင်းနေတုန်း ကျနော်တို့ ဝင်ရောက်ဖမ်းဆီးပြီး လုံခြုံတဲ့နေရာမှာ စစ်မေးခဲ့တာပါ။ သူကလည်း ဒုခေါင်းဆောင်ဆိုတာ ဝန်ခံတယ်။ သူအောက်မှာ လူ အယောက် ၁၃၀ ရှိတယ်ဆိုတာလည်း ဖြေတယ်။ အဖွဲ့ထဲမှာ ဘယ်သူက ဘယ်ရာထူး ဘယ်ကျေးရွာက ဘယ်နှစ်ယောက် ဆိုတဲ့ဟာကို စကားဝှက်သုံးထားတာ စကားဝှက်ကို မေးတာ လုံးဝ မဖြေဘူး ။ သူအဖက ပျူစောထီး ခေါင်းဆောင်၊ ဦးလေးကလည်း ပျူစောထီးခေါင်းဆောင်ပဲ၊ အခု  စစ်တပ်နဲ့ ပေါင်းပြီး တိမ်းရှောင်နေတယ်။ သူအစ်ကိုကလည်း ခေါင်းဆောင်အဖွဲ့ဝင်တစ်ဦးပဲ" ဟု တိုက်နယ်စွန်အဖွဲ့မှ အဖွဲ့ဝင် နဂါးလေးက ပြောသည်။

ပေါက်ကားကျေးရွာရဲ့ ပျူစောထီး အတွင်းရေးမှူး  အသက် ၃၅နှစ် အရွယ် ညီညီ ဆိုသူဟာ ပျူသင်တန်းဆင်းထားပြီးသည်မှာ ခြောက်လကျော် ကြာမြင့်ခဲ့ပြီး၊ ပြီးခဲ့သည့် လပိုင်းအတွင်းက ၎င်းလက်အောက်ခံ အယောက် ၁၃၀ နှင့်အတူ  ရှမ်းပြည်နယ်အတွင်းသို့ စစ်ဆင်ရေးထွက်ပြီး ပြန်လာသည်မှာ မကြာသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ဆက်လက်ပြီး နဂါးလေးက ပြောဆိုရာ “ စစ်မေးတဲ့အခါမှာ သူမှာ မောင်းပြန် အရှည် တစ်လက်နဲ့ အတိုတစ်လက် ရှိတယ်ပြောတယ်။ အခုတော့မရှိတော့ဘူး သူအစ်ကိုယူသွားတယ်ပြောတယ်။ သူက ရှမ်းပြည်နယ်စပ်ကို စစ်ဆင်ရေးထွက်တယ်ဆိုတာ ဝန်ခံတယ်။ ဘယ်နယ်ကိုသွားတယ်ဆိုတာ လုံးဝ ထုတ်ဖော်မပြောဘူး သတ်ချင်သတ်ပါပြောတယ်။ သူလုပ်ဆောင်ခဲ့တာ ကျေးရွာသုံးရွာရှိတယ်။ သူအောက်က လူတွေက ကျေးရွာထဲကိုဝင်တယ်။ သူက စစ်ကားပေါ်မှာ နေခဲ့တယ်။ စစ်တပ်ကို သူ့အကောင်တွေနဲ့အတူ လမ်းပြပေးတာ ကိုဝန်ခံသွားတယ် “ ဟု ထပ်မံဖြေကြားသည်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က မြင်းမူမြို့နယ် ကန်ဖျားကျေးရွာရဲ့ ပျူစောထီးခေါင်းဆောင် ဦးအောင်ခိုင် နှင့် ၎င်းရဲ့ဇနီးဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါအေးမာကြုူ တို့ကို ဒေသကာကွယ်ရေးတပ်က စစ်မေးရှင်းလင်းရာ တွင် ရရှိခဲ့သည့် ပျူစာထီးစာရွက်စာတမ်းများတွင် ပေါက်ကားကျေးရွာ အတွင်းရေးမှူး ညီညီ ဆိုသူ၏ နာမည် ၊ ရာထူး နှင့် လုပ်ဆောင်ခဲ့သည့်မှတ်တမ်းများကိုလည်း ရရှိခဲ့ခြင်းကြောင့် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်နယ်စွန်အဖွဲ့အနေဖြင့် ပျူစောထီးအဖွဲ့ဝင် ငါးဦးကိုရှင်းလင်းပြီးချိန်တွင် ဒေသပျူစောထီးသင်တန်းဆင်းများက ဆက်သွယ်လာပြီး ပျူစောထီးအဖွဲ့ဝင်မှ နှုတ်ထွက်ကာ သာမန်အလုပ်များသာ လုပ်ကိုင်တော့မည်ဟုအကြောင်းကြားမှုများ ရှိလာကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required