လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု

လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်ကနေ ၂၀၂၂ခုနှစ်၊ ဇွန် ၂၆ရက်နေ့အထိ တစ်နှစ်ကျော် ကာ လထဲမှာ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေမှာ သေဆုံးခဲ့ရသူ (၉၅) ယောက်ရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့အတူ အရပ်ဖက်အဖွဲ့အစည်းတွေက မကြာခင်က သတင်း ထုတ်ပြန်ခဲ့ပါတယ် ။ ဒီကြေညာချက်ကို ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ နှိပ်စက် ညှဉ်း ပမ်းခံရသူများကို ကူညီထောက်ပံ့ရေးနေ့” မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ။ ပြီးတော့စစ်အုပ်စုရဲ့ အာဏာ လုမှု စတင်ဖြစ်ပေါ်လာချိန်ကတည်းက အသက်ဆုံးရှုံးရတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သား သေဆုံးမှု ဦးရေဟာ (၂၀၂၁)ယောက် ရှိနေပြီဖြစ်တယ်လို့ ဆိုထားပါတယ် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly