ဖားကန့်မြို့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီအမြစ်ပြတ် ချေမှုန်းရေးသပိတ်ပြုလုပ်

ဖားကန့်မြို့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီအမြစ်ပြတ် ချေမှုန်းရေးသပိတ်ပြုလုပ်

ဇွန်လ ၃၀ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ယနေ့ ဇွန်လ ၃၀ ရက်တွင် KIA ၊PDF ၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီအမြစ်ပြတ် ချေမှုန်းရေးသပိတ် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြပြည်သူများက “ KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ၊ စစ်ခွေးတွေကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့ ၊ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွတ်၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည် “ စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required