ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ၃ ဆ မိုးရွာနိုင်၍ ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ရနိုင်ကြောင်း သတိပေး

ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ၃ ဆ မိုးရွာနိုင်၍ ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ရနိုင်ကြောင်း သတိပေး

ဇွန် ၁၆

ကချင်ပြည်နယ်အတွင်းရှိ ဒေသများတွင် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်နေ့အတွင်း မိုးရွာသွန်းမြဲထက် သုံးဆ ပိုမိုရွာသွန်းနိုင်ပြီး ရေကြီးရေလျှံမှုများနှင့်ကြုံတွေ့ရနိုင်ကြောင်း ကချင်ပြည်နယ် မိုးဇလရုံးမှသတိပေးချက် ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်တွင် ထူးကဲမိုးရေချိန် ရွာသွန်းမြဲထက်သုံးဆ ပိုမိုရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံနိုင်ကာ ဇွန်လ ၏ နောက်ဆုံး ၁၀ ရက်ပတ်အတွင်း ဧရာဝတီမြစ်ဝဲယာရှိ မြို့များ စိုးရိမ်ရေမှတ်များသို့ ရောက်ရှိလာနိုင် သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ဧရာဝတီမြစ်၏မြစ်လက်တက်များဖြစ်ကြသည့် မေခမြစ်နှင့် မလိခမြစ်တို့၏ မြစ်လက် တက်များဖြစ်ကြသည့် ချောင်းဖျားအထက်ပိုင်းတွင် ထူးကဲမိုးများရွာသွန်းနေသည့်အတွက် မြစ်ရေများ တဟုန်ထိုးမြင့်တက်လာနေသည်။

ယင်းကဲ့သို့ မိုးများနိုင်သည့်အတွက် ဧရာဝတီမြစ်ဘေးမြစ်ကမ်းအနီး ကမ်းပြိုနိုင်သောနေရာများနှင့် ကျွန်း များတွင်နေထိုင်ကြသူများ အန္တရာယ်ရှိနိုင်သည့်အတွက် အထူးသတိထားနေကြရန် သတိပေးထုတ်ပြန် ထားသည်။

မိုးကောင်းမြို့ရှိ နန့်ရင်းချောင်း (မိုးကောင်းချောင်း) နှင့် ကားမိုင်းမြို့ဘက်မှ စီးဝင်သော နန့်ကောန့်ချောင်း တို့မှာ ယမန်နေ့ကတည်းက စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီဖြစ်ပြီး အဆိုပါချောင်းများသည် ဥရု ချောင်းအတွင်း စီးဝင်သည့်အတွက် ဥရုချောင်းမှာလည်း ဖားကန့်မြို့အတွင်း ရေကြီးရေလျှံနေပြီဖြစ်သည်။

#ကချင်ပြည်နယ်

#ဥရုချောင်း

#ရေကြီးရေလျှံ

#ရွာသွန်းမြဲထက်မိုးရွာမည်

#ဧရာဝတီမြစ်

ကချင်လေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly