နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှု ပိုလုပ်လာတဲ့ အင်းစိန်ထောင် (အယ်ဒီတာထံ ပေးစာ)

နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှု ပိုလုပ်လာတဲ့ အင်းစိန်ထောင် (အယ်ဒီတာထံ ပေးစာ)

ဇွန် ၉

အင်းစိန်ထောင်၊ ထောင်မကြီး၊ သပြေဆောင်က နိုင်ငံရေးအကျဉ်းသားနှစ်ဦးနဲ့ အခြားပြစ်မှုက တစ်ဦး စုစုပေါင်းသုံးဦးတို့က ပြီးခဲ့တဲ့ရက်က အားလုံးရဲ့ကိုယ်စား ထောင်အာဏာပိုင်တွေကို တောင်းဆိုချက်သုံးခု လုပ်ခဲ့ကြပါတယ်။

သန့်ရှင်းမှုမရှိဘဲ ယင်ကောင်တွေအရမ်းများပြီး ကျန်းမာရေးထိခိုက်နေကြလို့ ယင်ကောင်ကပ်ကော်တစ်ခုခု စီစဉ်ပေးရေး၊ အချုပ်ထုတ်ပြီး ထောင်ထဲပြန်သွင်းတဲ့အခါ X ray အမြဲတမ်းဖြတ်ရလို့ ကျန်းမာရေးထိခိုက်မှု ရှိနိုင်တဲ့အတွက် ဖြေလျော့ပေးရေးနဲ့ အချုပ်ထုတ်ပြီး ထောင်ထဲပြန်သွင်းတဲ့အချိန် ရှာဖွေးရေးလုပ်တဲ့အခါ ထောင်အာဏာပိုင်တွေက အကြောင်းမဲ့ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း၊လက်ဖြင့်ပါးစပ်ထဲထိုးထည့်ပြီး အန်ခိုင်းခြင်း၊ စအိုကိုဖြဲကြည့်ခြင်း တို့ကိုမပြုလုပ်ရန် ဆိုတဲ့ တောင်းဆိုချက် သုံးချက်ကို တောင်းဆိုခဲ့ကြပါတယ်။

အဲဒီလို တောင်းဆိုပြီးနောက်ပိုင်း သပြေဆောင် ၂/၃ အခန်းက ထောင်သူကြီးက မင်းတို့ကြောင့် သူတို့ အပြောခံရတယ်ဆိုပြီး တစ်ယောက်ချင်း ယှဉ်ပြိုင် ထိုးဖို့စိန်ခေါ်ခဲ့တယ် ။ အဲ့ဒီကိစ္စကို ထောင်အာဏာပိုင်၊ ထောင်မှူးကို ထပ်တင်ပြတဲ့အခါ ထောင်သူကြီးကို အရေးမယူဘဲ အားလုံးရဲ့ကိုယ်စား‌တောင်းဆိုပေးခဲ့တဲ့ သုံးဦးကို ရိုက်နှက် ထိုးကြိတ်ပြီး ယနေ့ချိန်ထိ တိုက်ပိတ်ထားပါတယ်။

သေဒဏ်ကိုအတည်ပြုပြီးတဲ့နောက်ပိုင်းမှာ ထောင်တွင်းမှာ ဖိနှိပ်မှုတွေပိုလုပ်လာပါတယ် ။ပိုကြပ်တည်းလာတဲ့ အခြေအနေလည်း ဖြစ်လာပါတယ်။

သပြေဆောင်က အဆိုးဝါးဆုံးဖြစ်ပါတယ်။

သပြေဆောင်အတွင်းမှာ ‌ပေါက်ကွဲမှု၊ လက်နက်မှု၊ ၅၀၅ အမှုတွေနဲ့ စွဲခံထားရတဲ့ လူငယ်တွေ အများဆုံးရှိတဲ့ အဆောင်လည်း ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို မဇ္ဈိမရဲ့ အယ်ဒီတာထံပေးစာက တဆင့်ရေးသားလိုက်ရပါတယ်။

ပြည်သူတစ်ဦး

#အယ်ဒီတာထံပေးစာ

#ရန်ကုန်မြို့

#အင်းစိန်ထောင်

#သပြေဆောင်

#နိုင်ငံရေးအကျဉ်းသား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly