နိုင်ငံပျောက်သူ ရုပ်ရှင်ဇာတ်လမ်းတို ကြည့်ရှုသူ ၁ သန်း ကျော်ပြီဖြစ်

နိုင်ငံပျောက်သူ ရုပ်ရှင်ဇာတ်လမ်းတို ကြည့်ရှုသူ ၁ သန်း ကျော်ပြီဖြစ်

မေလ ၃၀ ရက်

နွေဦးတော်လှန်ရေး ရန်ပုံငွေရရန် ရည်ရွယ်၍ ဒါရိုက်တာ ဏကြီး ဖန်တီးပုံဖော်ထားသော "နိုင်ငံပျောက်သူ" ရုပ်ရှင်ဇာတ်လမ်းတိုသည် ထုတ်လွှင့်ပြီး ၁၂ နာရီအတွင်း ကြည့်ရှုသူ တစ်သန်းကျော် အထိ ရှိလာသည်။

နိုင်ငံပျောက်သူ ရုပ်ရှင်ဇာတ်လမ်းတိုကို ယနေ့ မေလ ၃၀ ရက် နံနက် ၈ နာရီမှ စတင်၍ ပဒေသာပင် ယူကျု့ချန်နယ် https://www.youtube.com/c/PaDayTharPin တွင် ကြည့်ရှုနိုင်ပြီး ည ၈ နာရီ အထိ ကြည့်ရှုသူ တစ်သန်းကျော် ရှိသည်။

အဆိုပါ ဇာတ်လမ်းတိုတွင်ပါဝင်သော တစ်ဦးချင်းစီနှင့် ကြည့်ရှုသူများကို ကျေးဇူးတင်ကြောင်း ဒါရိုက်တာဏကြီး၊ ဒေါင်းနှင့် ပိုင်ဖြိုးသုတို့က ပြောကြားထားသည်။ ထို့အတူ တော်လှန်ရေးအတွက် ရန်ပုံငွေရရန် ရည်ရွယ်ထားခြင်းကြောင့် ‘နိုင်ငံပျောက်သူ’ ဇာတ်လမ်းတိုကို ပဒေသာ ပင်ယူကျု့ချန်နယ်တွင်သာ တိုက်ရိုက်ကြည့်ရှု ပေးကြရန်နှင့် ဒေါင်းလုဒ်ဆွဲ ကူးယူပြီး ပြန်လည် ဖြန့်ဝေခြင်းများ မလုပ်ကြရန် မေတ္တာ ရပ်ခံထားသည်။

၎င်းဇာတ်ကားကို ကြည့်ရှု ပြီးသူများနှင့် အနုပညာရှင် အများစုက ကြိုက်နှစ်သက်ကြောင်း၊ မျက်ရည်ကျရကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပြန်လည် မျှဝေထားကြသည်။

ဒါရိုက်တာ ဏကြီး ၊ ဒေါင်း ၊ပိုင်ဖြိုးသုတို့ အပါအဝင် အဆိုပါ ဇာတ်ကား ဖန်တီးထားရာတွင် ပါဝင်သူများသည် စစ်အာဏာရှင်ကို ဆန့်ကျင်၍ ပြည်သူနှင့် အတူ ရပ်တည်ခဲ့သောကြောင့် အာဏာသိမ်း စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly