ဘိုကလေးမြို့က ဥပဒေကိုအလွဲသုံးစားလုပ် ငွေရှာနေတဲ့ ဥပဒေအရာရှိ ဒေါ်ခိုင်မြတ်နိုးလွင် (အယ်ဒီတာထံပေးစာ)

ဘိုကလေးမြို့က ဥပဒေကိုအလွဲသုံးစားလုပ် ငွေရှာနေတဲ့ ဥပဒေအရာရှိ ဒေါ်ခိုင်မြတ်နိုးလွင် (အယ်ဒီတာထံပေးစာ)

မေလ ၃၀ ရက်

ဧရာဝတီတိုင်း ၊ ဘိုကလေးမြို့၊ ဥပဒေရုံးက ဥပ​ဒေအရာရှိ ဒေါ်ခိုင်မြတ်နိုးလွင်ဟာ လယ်ယာမြေ အပါအဝင် လူသေမှုနဲ့ အခြားသော လုယက်မှု၊ ခိုးမှုတွေကို လာဘ်လာဘ ကြီးစွာယူပြီး ပုဒ်မများကို အပြောင်းအလဲ လုပ်နေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ဒေါ်ခိုင်မြတ်နိုးလွင်ဟာ ဘိုကလေးမြို့က စစ်တပ်နဲ့ ရဲကိုပိုင်တယ်လို့ နာမည်ကြီးနေတဲ့ ဥပဒေ အရာရှိ တစ်ဦးဖြစ်ပြီး သူ့ဆီမှာ အမှုအပ်ရင် သိန်းကို ဆယ်နဲ့ချီပြီး ပိုက်ဆံတောင်းပါတယ်။တောင်းလို့ သူလိုချင်တဲ့ ပမာဏရရင် ပုဒ်မအပြောင်းအလဲတွေလုပ်ပြီး အမှုကိုကိုင်တွယ်ပါတယ်။

ဥပဒေကို လက်တလုံးခြားလုပ်ပြီး ငွေနောက်လိုက်နေတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် ပိုက်ဆံတောင်း ပုဒ်မပြင်ပြီး သူကိုင်တွယ်တဲ့အမှုတွေမှာ ငွေပေးသော်လည်း မလွတ်တဲ့အမှုသည်တွေ အ များကြီးရှိတယ်လို့ ကြားသိရပါတယ်။

ဘိုကလေးမြို့ပေါ်မှာ ဆိုင်ကယ်မောင်းလာရင်း ဆိုင်ကယ်ပေါ်က ပြုတ်ကျသေတဲ့အမှုဆိုရင် ဆိုင်ကယ်မောင်းတဲ့လူဆီက ပိုက်ဆံ ခုနစ်သိန်းတောင်းပါတယ်။ ညမထွက်ရ အမိန့်ထုတ်ထားတဲ့အချိန်မှာ အပြင်ထွက်မိလို့ အဖမ်းခံရတဲ့ လူဆီကဆိုရင် လွတ်အောင်လုပ်ပေးမယ်ဆိုပြီး ပိုက်ဆံ ၁၅ သိန်းတောင်းလို့ ပေးလိုက်ရတယ်။ ဒါပေမဲ့ အဲ့ဒီလူမလွတ်ပါဘူး ထောင်တစ်လကျသွားပါတယ်။

အဲ့ဒီလို ဥပဒေကို အလွဲသုံးစားလုပ်ပြီး အမှုသည်တွေဆီက ငွေတောင်းနေတဲ့ ဒေါ်ခိုင်မြတ်နိုးလွင်ဟာ လိုင်စင်မဲ့ကားကိုစီးနေတာပါ။သူ ဒီလိုတွေလုပ်စားနေတာကို မြို့နယ်အုပ်ချုပ်ရေးမှူး၊စ ခန်းမှူးနဲ့ ဘိုကလေးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကလည်း သိပါတယ်။

ဒီလိုတွေ လုပ်စားနေတဲ့ အပေါ် စစ်ကောင်စီဘက်က အရေးယူမှု တစ်စုံတရာမရှိပါဘူး။ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာကို တိုင်ကြားတာတွေ လုပ်မယ်ဆိုရင်လည်း လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ အဆင်မပြေတာကြောင့် ဥပဒေကိုအကြောင်းပြပြီး ငွေရှာနေတယ်ဆိုတာကို လူအများသိအောင် မဇ္ဈိမသတင်းဌာနက အယ်ဒီတာထံပေးစာကတဆင့် ရေးသားပေးပို့လိုက်ခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly