မြောင်မြို့နယ် နဂါးပေါက်ရွာနှင့် နေပူကုန်းရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး

By OAK
21 May 2022
မြောင်မြို့နယ် နဂါးပေါက်ရွာနှင့် နေပူကုန်းရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဂါးပေါက်ရွာနှင့် နေပူကုန်းကျေးရွာတို့အား မေလ ၂၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် နဂါးပေါက်ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီး ၈ နာရီ ၃၀ မိနစ်အချိန်တွင် နေပူကုန်းကျေးရွာအား ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“နဂါးပေါက်ရွာက အိမ်နှစ်လုံးပါသွားတယ်။ နေပူကုန်းရွာမှာ မိသားစုလေးစုရဲ့ အိမ်ကိုးလုံးပါသွားတယ်။ ဆန်စက်နှစ်လုံးပါသွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

နဂါးပေါက်ကျေးရွာတွင် အိမ်ခြေ (၂၃၂ )လုံးနှင့် နေပူကုန်းကျေးရွာ၌ အိမ်ခြေ (၁၅၀) ခန့်ရှိပြီး စစ်ကောင်စီ တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နဂါးပေါက်ကျေးရွာမှ အိမ်နှစ်လုံးနှင့် နေပူကုန်းကျေးရွာမှ အိမ်ကိုးလုံးနှင့် ဆန်စက် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်း မြောင်မြို့နယ်အတွင်းသို့ ဝင်ရောက်မီးရှို့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် ရှစ် ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

#Mizzima

#မြောင်မြို့နယ်

#စစ်ကောင်စီစစ်ကြောင်း

#မီးရှို့ဖျက်ဆီး

#နဂါးပေါက်ရွာ

#နေပူကုန်းရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly