ပခုက္ကူစီးပွါးရေးဘဏ်ရှိ စစ်ကောင်စီတပ်ကို ပြောက်ကျားများတိုက်ခိုက်၊စစ်ကောင်စီတပ် ၄ ဦးသေ

ပခုက္ကူစီးပွါးရေးဘဏ်ရှိ စစ်ကောင်စီတပ်ကို ပြောက်ကျားများတိုက်ခိုက်၊စစ်ကောင်စီတပ် ၄ ဦးသေ

မေလ ၂၀ ရက်

ပခုက္ကူမြို့၊မြို့မစျေးအနီးတွင်ရှိသောမြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူထားသောစစ်ကောင်စီတပ်အား မေလ၂၀ရက် နေ့လယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ကဝင်တိုက်ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦးပွဲချင်းပြီး သေဆုံးကာ တစ်ဦးမှာ ဆေးရုံတွင်သေသွားသည်။

"ကျွန်တော်တို့ကားနှစ်စီးနဲ့သွားပစ်တယ်၊ပထမကားကပစ်တာပေါ့၊ပစ်တဲ့အချိန်မှာ သုံးယောက်က ပွဲချင်းပြီးသေတယ်၊တစ်ယောက်ကဒဏ်ရာပြင်းထန်ရတယ်၊အခုတော့သေသွားပီကြားတယ် "ဟု Earthquake People's Defense Force အဖွဲ့တာဝန်ရှိသူကပြောသည်။

မွန်းလွဲ ၃ နာရီခန့်ကဖြစ်ပွါးသောတိုက်ပွဲတွင် ပြေ က်ကျားတပ်ဖွဲ့များဘက်မှ ကားတစ်စီးပျက်စီးပြီး သေနက်နှစ်လက်ဆုံးရှုံးခဲ့သည်ဟုလည်း သိရသည်။

"သူတို့ပြန်ပစ်တော့ အင်အားများတာနဲ့ကျွန်တော်တို့ပြန်ဆုတ်လာတယ်၊နောက်ကားကိုထိသွားလို့ ထားခဲ့ပြီး ပြန်လာရတယ်။ ကားကငှားလာတဲ့ကား၊ သေနတ် နှစ်လက်မှာ တစ်လက်က ကျွန်တော်တို့သေနတ်၊ နောက်တစ်လက်က ငှားလာတာ။ အဲဒါအတွက်ဆုံးရှုံးမှုကသိန်း၂၀၀လောက်တော့ရှိတယ်၊ပြန်လျော်ပေးရမှာ "ဟု အဆိုပါအဖွဲ့တာဝန်ရှိသူကပြောသည်။

တိုက်ခိုက်မှုကို Pakokku People Defence Forceအဖွဲ့နှင့် Earthquake Peoples Defense Force အဖွဲ့တို့မှလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required