‘’ ဓါးနဲ့ အရေပြားကို ခြစ်ထားတာတွေရော ၊ လက်တစ်ဖက်နဲ့ ခြေထောက် တစ်ဖက်ဆို အရေရော အသားရော အကုန် လှီးထားတာ။ အရိုးပဲ ကျန်တော့တယ် “ ယင်းမာပင်မြို့နယ် ကျောက်ပြုတ်ရွာသား တစ်ဦးကို စစ်ကောင်စီတပ်က ရက်စက်စွာ သတ်သွားမှု  ဆက်သွယ် မေးမြန်ချက်

မေလ ၂၀ ရက်

စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ် ၊ ကျောက်ပြုတ်ကျေးရွာ၌  တစ်နာရီခန့် တပ်စွဲပြီး  ရွာအတွင်း၌ ဖမ်းမိသော အပြစ်မဲ့ ပြည်သူ တစ်ဦးကို ရက်စက်စွာ သတ်သွားခဲ့သည်။

မသတ်မီ လက်နှင့် ခြေထောက်များ အရိုးပေါ်အောင် အသားများ လှီးထားခြင်း အပြင် နည်းအမျိုးမျိုးဖြင့် နှိပ်စက် ညှဥ်းပန်းကာ  နောက်ဆုံးတွင် နောက်စေ့ကို သေနတ်ဖြင့် ပစ်သတ် သွားခဲ့သည်။

ကျောက်ပြုတ်ရွာသား အသက် ၄၁ နှစ်အရွယ် ဦးအောင်သိန်းမြင့်ကို စစ်ကောင်စီတပ်က မေလ ၁၃ ရက်နေ့တွင် ဖမ်းဆီးပြီး လူမဆန်စွာ နှိပ်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးကို ဆက်သွယ် မေးမြန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required