လေပြင်းတိုက်၍ သစ်ကိုင်းကြိုးကျသဖြင့် နတ်ချောင်းစစ်ရှောင်စခန်းရှိ ၁၄ နှစ်အရွယ် မိန်းကလေးသေဆုံး

လေပြင်းတိုက်၍ သစ်ကိုင်းကြိုးကျသဖြင့် နတ်ချောင်းစစ်ရှောင်စခန်းရှိ ၁၄ နှစ်အရွယ် မိန်းကလေးသေဆုံး

မေ ၁၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ နတ်ချောင်းစစ်ဘေးရှောင်စခန်းတွင် မေလ ၁၇ ရက်နေ့က လေပြင်းတိုက်ခတ်ပြီး သစ်ကိုင်းကျိုးကျသဖြင့် စစ်ဘေးရှောင်စခန်းမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နတ်ချောင်းကျေးရွာ ရန်ကင်းဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင် စခန်းရှိ တဲတစ်လုံးအပေါ်သို့ သစ်ကိုင်းကြိုးကျခဲ့ပြီး တဲအတွင်းမှ အသက်(၁၄)နှစ်အရွယ် မယုလှိုင်သင်း ဒဏ်ရာပြင်းထန်စွာရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ဆေးကုသပေးနိုင်သည့် ဆေးဝါးကျွမ်းကျင်သူများရှိသော်လည်း ဆေးဝါး များမရှိခြင်းကြောင့် မိန်းကလေးငယ်၏ အသက်ကိုမကယ်တင်နိုင်ခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ်မှု ကြောင့် တဲအချို့ပျက်စီးခဲ့သည်ဟု စစ်ဘေးရှောင်ပြည်သူများ ကို ကူညီပေးနေသည့် ဒေသခံတစ်ဦးထံက ပြောသည်။

စစ်ကောင်စီတပ်များသည် ကလေးမြို့တောင်ပိုင်းရှိ နတ်ချောင်းကျေးရွာကို သုံးကြိမ်တိုင်တိုင် မီးရှို့ဖျက် ဆီးခဲ့၍ လူနေအိမ် ၂၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး စစ်ဘေးရှောင်စခန်း ဖွင့်လှစ်ထားခြင်းဖြစ်သည်။

#Mizzima

#ကလေးမြို့တောင်ပိုင်း

#နတ်ချောင်စစ်ရှောင်စခန်း

#လေပြင်းတိုက်

#မိန်းကလေးငယ်

#သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly