တရုတ်က ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ၏ အန္တရာယ်များကို သိသော်လည်း ပြောင်းလဲမည်မဟုတ်ကြောင်း အီးယူကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ပြောကြား

တရုတ်က ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ၏ အန္တရာယ်များကို သိသော်လည်း ပြောင်းလဲမည်မဟုတ်ကြောင်း အီးယူကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ပြောကြား

တရုတ်နိုင်ငံရှိ ဥရောပသမဂ္ဂကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက တရုတ်ကွန်မြူနစ်ပါတီ (CPC) ထိပ်တန်းအရာရှိများနှင့် တံခါးပိတ်တွေ့ဆုံဆွေးနွေးမှုအတွင်း၌ တရုတ်သည် ကိုဗစ်လုံးဝင်ကင်းစင်ရေး မူဝါဒ၏ အန္တရာယ်များနှင့် စီးပွားရေးအပေါ်  ၎င်းမူဝါဒ၏သက်ရောက်မှုများကို သိရှိနားလည်ထားသော်လည်း အတင်းအကျပ်ပြဋ္ဌာန်းထားသော ၎င်းစည်းမျဉ်းကို ပြောင်းလဲလိမ့်မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိလာသည်။

ဆွစ်ဇာလန်သတင်းစာ Neue Zurich နှင့်အင်တာဗျူးတစ်ခုတွင် တရုတ်ရှိ အီးယူကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ယော့ဝတ်ကဲက တရုတ်တို့သည် ကိုဗစ်လုံးဝကင်းစင်ရေး၏အန္တရာယ်များကို သိသော်လည်း ၂၀ ကြိမ်မြောက် ပါတီကွန်ဂရက်အတွက် အာဏာလွန်ဆွဲပွဲပြီးဆုံးသည်အထိ ထိုစည်းမျဉ်းကို ပြောင်းလဲမည်မဟုတ်ကြောင်း ပြောသည်။ 

ပြီးခဲ့သည့် ၂ နှစ်က တရုတ်သည် အနောက်နိုင်ငံများထက် ကပ်ရောဂါကို ပိုမိုကိုင်တွယ်နိုင်ကြောင်း ပါတီခေါင်းဆောင်များနှင့် အစိုးရက လုပ်ကြံဖန်တီးပြောဆိုခဲ့ကြသော်လည်း ယခုအခါ ထိုပြောဆိုချက်များသည် လွင့်မျောကွယ်ပျောက်သွားပြီဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ကိုင်တိုင်ဝါဒဖြန့်မှုကြောင့် တရုတ်လူမျိုးများသည် အိုမီခရွန်မျိုးကွဲကို ကြောက်လန့်သွားခဲ့သည်။ အိုမီခရွန်မျိုးကွဲသည် ပိုမိုပျော့ပြောင်းကာ အနောက်နိုင်ငံများသည် ဗိုင်းရပ်စ်နှင့် ယှဉ်တွဲနေထိုင်ရန် သင်ယူနေသည်ဟူသောအကြောင်းကို မပြောပေ။ အာဏာပိုင်များသည် အနောက်တိုင်း mRNA ကာကွယ်ဆေးများအကြောင်းကို တစ်နှစ်လုံး နှိမ့်ချပြောဆိုနေခဲ့သောကြောင့် ယခုအချိန်တွင် ၎င်းကိုယ်တိုင် အကျပ်ရိုက်လျက်ရှိသည်။

ခေါင်းဆောင်ပိုင်းသည် ကိုဗစ်ကိုကိုင်တွယ်ရန် တခြားနည်းရှိကြောင်းကို လာမည့် ၂၀ ကြိမ်မြောက် ပါတီကွန်ဂရက်၌ ဝန်ခံမည်မဟုတ်ပေ။ ဥရောပသားများသည် အားလပ်ရက်များသွားနေပြီဖြစ်သလို ကြီးမားသော အတိုင်းအတာတစ်ခုအထိ ပုံမှန်ဘဝသို့  ပြန်ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း တရုတ်က ဝန်မခံပေ။ တရုတ်ကာကွယ်ဆေးအပြင် mRNA ကာကွယ်ဆေးကို သုံးသင့်သည်ဟုလည်း
ဝန်ခံပြောကြားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required