ဧပြီ ၁၀
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ညောင်ပင်ကြီး၌ ယနေ့ ဧပြီလ ၁၀ရက်နေ့တွင် လက်ပံတောင်းတောင်ဒေသပင်မသပိတ်ကော်မတီဝင်များက "တော်လှန် သင်္ကြန် ဆင်နွှဲစို့ လူထုတစ်ရပ်လုံးပူးပေါင်းစို့" စာသားပါ ဘန်နာ (Banner)ကို ညောင်ပင်ကြီး လမ်းဆုံတွင် ချိတ်ဆွဲသည့် လှုပ်ရှားမှုပြုလုပ်ကြသည်။
စာတန်ချိတ်ဆွဲသည့် လှုပ်ရှားမှုတွင် ပါဝင်သူများက “ကျဆုံးသွားသောရဲဘော်များနှင့် အကျဥ်းကျနေသောရဲဘော်များကို လေးစားသောအားဖြင့် ယခုကျရောက်သော သင်္ကြန် ပွဲတော်ကို ပျော်ပွဲရွှင်ပွဲအဖြစ်မဆင်နွဲပဲ တော်လှန်သော သင်္ကြန် အဖြစ်ပါဝင်ဆင်နွှဲပေးရန်” တောင်းဆိုထားသည်။
#စစ်ကိုင်းတိုင်း
#ချင်းတွင်းမြစ်
#တော်လှန်သင်္ကြန်
#လက်ပံတောင်းတောင်ဒေသပင်မသပိတ်ကော်မတီ
#အရေးတော်ပုံအောင်ရမည်
#MizzimaTV