နွေဦးတော်လှန်ရေးအတွက် ဒီမာဂေါ့တွေ မလိုချင်ဘူး(ဆောင်းပါး)

16 March 2022
နွေဦးတော်လှန်ရေးအတွက် ဒီမာဂေါ့တွေ မလိုချင်ဘူး(ဆောင်းပါး)

ဒီမာဂေါ့ ဆိုတာ ကျိုးကြောင်းဆင်ခြင်တုံ တရားထက် သာမန်ပြည်သူတွရဲ့ လိုလားချက်နဲ့ စိတ်ခံစားမှုတွေကို အသုံးချပြီး ထောက်ခံမှု ရအောင် ကြိုးစားတဲ့ နိုင်ငံရေးသမားခေါင်းဆောင်တွေလို့အဘိဓာန်တွေထဲမှာ ဖော်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်မီး မွှေးခဲ့တဲ့ ဂျာမဏီရဲ့ အဓိပတိ အဒေါ့ဖ်ဟစ်တလာ၊ ဒီကနေ့ တတိယကမ္ဘာစစ်မီး မွှေးဖို့ ကြိုးစားနေတဲ့ ရုရှားသမ္မတ ပလာဒီမာ ပူတင်တို့ဟာ ဒီမာဂေါ့တွေပါပဲ။ ပူတင်ဆိုရင် ပြည်တွင်းထောက်ခံမှု ကျဆင်းလာတာကို ကာပြန်ဖို့အတွက် ပြည်ပရန်ကို ရှာပြီး ကိုယ့်ရဲ့ တရားဝင်မှုရင်းမြစ်ကို ကာကွယ် ရှာဖွေတာသာ ဖြစ်ပါတယ်။ဒီကနေ့ နိုင်ငံ့အာဏာကို သေနတ်ထောက် လုယူထားတဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်ဟာလည်း ဒီမာဂေါ့ပါပဲ။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်ခုဟာ သူတို့ရဲ့ လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ကို ခြိမ်းခြောက်ခံလာရတဲ့အခါ သူတို့ရဲ့ အင်အားကို ပြန်လည်တည်ဆောက်ဖို့အတွက် အရင်းအမြစ်တွေ ရှာဖွေခဲ့ပါတယ်။ 

လူထုက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဟာ နိုင်ငံရေး အဂတိမှု ရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေ တည်ဆောက်ခဲ့ပါတယ်။ ထို့နည်းတူ ဘာသာရေး၊ လူမျိုးရေးဟာ ခြိမ်းခြောက်ခံနေရပြီလို့ ထင်နေတဲ့ အစွန်းရောက်တစ်စုကို သုံးပြီး သူတို့ရဲ့ တရားဝင်မှုကို တည်ဆောက်ပါတယ်။ ဒီလို တည်ဆောက်တဲ့နေရာမှာ ပြည်သူတစ်ဦးချင်းစီရဲ့ နိုင်ငံသားလွတ်လပ်ခွင့်၊ ပြည်သူတစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးတွေကို မျက်ကွယ်ပြုပြီး အမုန်းတရားတွေ၊ စိုးရိမ်စိတ်တွေ၊ တစ်ဘက်လှည့် ခြိမ်းခြောက်မှုတွေကို စနစ်တကျ ဖြန့်ဝေတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly