ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့တွင်း တိုက်ပွဲဖြစ်ပွား

12 March 2022
ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့တွင်း တိုက်ပွဲဖြစ်ပွား

မတ် ၁၂

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယနယ်စပ်ရှိ ရိခေါ်ဒါရ်မြို့ အမှတ် (၂)ရပ်ကွက်၊ တီအိုချောင်းတွင် ယနေ့ မတ်လ ၁၂ ရက် မနက် ၆ နာရီ ၁၈ မိနစ်ကစပြီး တိုက်ပွဲ ဖြစ်ပွဲရာ သေနတ်သံ၊ လက်နက်ကြီးသံနှင့် အမြောက်သံများ ကြားနေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရိခေါ်ဒါရ်မြို့ တီအိုချောင်း တောင်ထိပ်ပေါ်တွင် စစ်ကောင်စီတပ်အင်အား ၃၀ ကျော် လာရောက် တပ်စွဲပြီးနောက် ချင်းဒေသ ကာကွယ်ရေး တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများကြောင့် မြို့နေလူထု ၁၀၀၀ ကျော် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

ဗွီဒီယို- ယနေ့မနက် ရိခေါ်ဒါရ်မြို့တွင်း တိုက်ပွဲ ဖြစ်ပွားနေသည့် ရုပ်သံ

#Mizzima

#ရိခေါ်ဒါရ်မြို့

#တီအိုချောင်း

#တိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly