မင်္ဂလာဒုံမြို့နယ် ကြံ့ခိုင်ရေးပါတီရုံးနှင့် ပြန်ဆက်ရုံး ဗုံးပေါက်

28 February 2022
မင်္ဂလာဒုံမြို့နယ် ကြံ့ခိုင်ရေးပါတီရုံးနှင့် ပြန်ဆက်ရုံး ဗုံးပေါက်

OAK

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမပေါ်ရှိ ကြံ့ခိုင်ရေးပါတီရုံးနှင့် ဆက်သွယ်ရေးနှင့် ပြန်ကြားရေးရုံးတို့တွင် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၅ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရသည်။

"ကြံ့ဖွံ့ရုံးနဲ့ ပြန်ဆက်ရုံးက ကပ်နေတာ ကင်းအစောင့်တွေတော့ ရှိတယ်၊ စခ (စစ်ကောင်စီ တပ်သား) တွေ ဝင်ပြေးသွားတယ်၊ မီးတွေပါ ပိတ်ပြီး" ဟု Generation Z Defence Force&Supply Army အဖွဲ့ဝင်က ပြောသည်။

ယင်းရုံးများသည် စစ်ကောင်စီအား ထောက်ခံ အားပေးနေ သောကြောင့် အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သို့သော် တစ်လုံးသာ ပေါက်ကွဲကြောင်း ၎င်းကဖြည့်စွက် ပြောသည်။

"မနက်က အစောကြီး ပေါက်သွားတာ၊ ဘယ်နေရာလဲ ဆိုတာကိုတော့ အခု လိုက်ကြည့်နေတာ။ လူထိခိုက်မှုတော့ မကြားဘူး" ဟု ဒေသခံက ပြောသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်း၊ (ဂ) ရပ်ကွက်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို Generation Z Defence Force&Supply Army အဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။

#မင်္ဂလာဒုံမြို့နယ်

#ကြံ့ခိုင်ရေးပါတီရုံး

#ပြန်ဆက်ရုံး

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly