ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > ရသဘဏ်တိုက် > ကဗျာ > မန်းတောင်ရိပ်ငို

မန်းတောင်ရိပ်ငို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ပြည်ပက

သားတွေ သမီးတွေကို

အားကိုးပါတယ်လို့  ပြောသွားတဲ့

အမေ ပြောသွားတဲ့ စကားအတွက်

သမီး ရှက်လှပါတယ်အမေရယ်   ။                            

                        နှင်းဆီ

 

မြနန္ဒာနဲ့ 

သင်္ကြန်ကိုလွမ်း

တမ်းတမ်းဆွတ်ဆွတ်

လူက

ပိတောက်ကဗျာ ဖြစ်နေရင်း

အမေ့သတင်းက ၊ ရင်ဝထိုးခွဲ

သွေးက

အမေ့ရဲ့ သွေးတွေ   ။

 

အမေရယ်

မန္တလာကို ၊ မြန်မာပြည်ကို

လူထုကို ၊ အောင်ဆန်းစုကြည်ကို

မင်းကိုနိုင်တို့ကို ၊ အဝေးရောက်သားသမီးတွေကို

အားကိုး ယုံကြည်တယ်ဆို   ။

 

ချင်းတွင်း ၊ဧရာဝတီ

ရိုးမတကြော ၊ သောလှုပ်မုန်တိုင်း

လှိုင်းတွေ ခုန်ပေါက်နေကြပြီ   ။

 

တောင်လေးလုံး

တောင်သမန် ၊ မယ်ဇယ်ပင်တန်း

ငိုခန်းတွေအခန်းဆက်၊ ရက်စက်တဲ့ ဇာတ်လမ်းရှည်

ကြေကွဲလို့ မဆုံး၊ စစ်မုန်းစိတ်က မိုင်ထောင်ရှည်   ။

 

သူရဲကောင်း လူထု

သွေးစုမယ့် နေရာ

အမေ ဖွေရှာတော့လေသလား   ။

 

သွေးမြေကျ သံဃာတော်တွေကို

လိုက်လံ ပူဇော်နေတာလားအမေ   ။

 

အနုပညာ

စာပေ အငြိမ့် သဘင်

မမြင်ရက်တော့ဘူးလား အမေ   ။

 

မြို့ရိုးပြဿဒ်

ကျုံးတပတ်မှာ

ဆုံးဖြတ်သွားခဲ့တာလားအမေ   ။

 

အမေ မြင်ချင်တဲ့ခေတ်

အမေ တွေ ချင်တဲ့စနစ်

ကျနော်တို့ ချစ်တယ်

ကျနော်တို့ ခေတ် ၊ သစ်ကို သစ်ရမယ်

ဖြစ်ကို ဖြစ်ရမယ်

ရောက်ကို ရောက်စေရမယ်အမေ   ။

 

အမေ

ရှက်နေဦးမည်

ဆက်မည် တိုက်ပွဲ

ယုံကြည် ခွဲရစ်ခဲ့ပါတော့။

                   မောင်လွမ်းဏီ (၇-၄-၀၈)

 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 104 guests online