|
အာဝေဏိက ဂုဏ်ရှင် အမေ |
|
|
|
အောင်ဟိန်း
|
|
တနင်္လာနေ့၊ ဧပြီလ 07 2008 21:18 - မြန်မာစံတော်ချိန် |
|
ဟယ် ---
မရဏမင်း
အလိုက်ကန်းဆိုးမသိ လုပ်ရက်ပါဘိ ကွယ်ရို့
ဒါ ဒို့ အမေ
ပြည်သူချစ်တဲ့ အမေ၊
လူထုချစ်တဲ့ အမေ၊
ရဲရဲတောက် အမေကွ ။
ကိုလိုနီကို အံတု
ဖက်ဆစ်ကို မမှု
အာဏာရှင်ကို ဂရုမပြုတဲ့အမေ ဒို့အမေကွ ။
လွတ်လပ်ရေး ဝန်
တော်လှန်ရေး ဝန်
ငြိမ်းချမ်းရေး ဝန်
အမျိုးသားရေး ဝန်
ဝန် အလီလီ ထမ်းခဲ့တဲ့အမေ ဒို့အမေကွ ။
စာပေဂီတ အနုပညာ
ရိုးရာ ယဉ်ကျေးမှု
လူမှုသမိုင်း
အမွေအပိုင်းပိုင်းကို ပေးသွားတဲ့အမေ ဒို့အမေကွ ။
မြန်ပြည်သမိုင်းမှာ
သားသမီး အနန္တကို မွေးထုတ်
နောင်လည်း မွေးထုတ်အုံးမယ့် အမေ
အာဝေဏိက ဂုဏ်ရှင်
သား အနန္တရဲ့ မိခင်
သား အနန္တက ချစ်တဲ့အမေ
သား အနန္တကို ချစ်တဲ့အမေ
အနန္တ မေတ္တာရှင် အမေ
အနန္တ ကရုဏာရှင် အမေ
အနန္တ မုဒိတာရှင် အမေ ။
လူထုအမေ ဒို့အမေကွ၊ ဒို့အမေ ။
အောင်ဟိန်း (မုံရွာ)
|
 Contact: mizzima.news@gmail.com
|
သူတို့စကား
"နောက်ထပ် အနှစ်နှစ်ဆယ် ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင် ချောချောမွေ့မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ ပြောတာ မဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။" ဦးဝင်းတင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်
|