ရသဘဏ်တိုက် ကဗျာ မန်းတောင်ရိပ်ငို
မန်းတောင်ရိပ်ငို Print E-mail
မောင်လွမ်းဏီ   
တနင်္လာနေ့၊ ဧပြီလ 07 2008 21:10 - မြန်မာစံတော်ချိန်

ပြည်ပက

သားတွေ သမီးတွေကို

အားကိုးပါတယ်လို့  ပြောသွားတဲ့

အမေ ပြောသွားတဲ့ စကားအတွက်

သမီး ရှက်လှပါတယ်အမေရယ်၊

                    နှင်းဆီ

 

မြနန္ဒာနဲ့ 

သင်္ကြန်ကိုလွမ်း

တမ်းတမ်းဆွတ်ဆွတ်

လူက

ပိတောက်ကဗျာ ဖြစ်နေရင်း

အမေ့သတင်းက ၊ ရင်ဝထိုးခွဲ

သွေးက

အမေ့ရဲ့ သွေးတွေ၊

 

အမေရယ်

မန္တလာကို ၊ မြန်မာပြည်ကို

လူထုကို ၊ အောင်ဆန်းစုကြည်ကို

မင်းကိုနိုင်တို့ကို ၊ အဝေးရောက်သားသမီးတွေကို

အားကိုး ယုံကြည်တယ်ဆို   ။

 

ချင်းတွင်း ၊ဧရာဝတီ

ရိုးမတကြော ၊ သောလှုပ်မုန်တိုင်း

လှိုင်းတွေ ခုန်ပေါက်နေကြပြီ   ။

 

တောင်လေးလုံး

တောင်သမန် ၊ မယ်ဇယ်ပင်တန်း

ငိုခန်းတွေအခန်းဆက်၊ ရက်စက်တဲ့ ဇာတ်လမ်းရှည်

ကြေကွဲလို့ မဆုံး၊ စစ်မုန်းစိတ်က မိုင်ထောင်ရှည်   ။

 

သူရဲကောင်းလူထု

သွေးစုမယ့်နေရာ

အမေဖွေရှာတော့လေသလား   ။

 

သွေးမြေကျ သံဃာတော်တွေကို

လိုက်လံ ပူဇော်နေတာလားအမေ   ။

 

အနုပညာ

စာပေ အငြိမ့် သဘင်

မမြင်ရက်တော့ဘူးလားအမေ   ။

 

မြို့ရိုးပြဿဒ်

ကျုံးတပတ်မှာ

ဆုံးဖြတ်သွားခဲ့တာလားအမေ   ။

 

အမေ မြင်ချင်တဲ့ခေတ်

အမေ တွေ ချင်တဲ့စနစ်

ကျနော်တို့ ချစ်တယ်

ကျနော်တို့ ခေတ် ၊ သစ်ကို သစ်ရမယ်

ဖြစ်ကို ဖြစ်ရမယ်

ရောက်ကို ရောက်စေရမယ်အမေ   ။

 

အမေ

ရှက်နေဦးမည်

ဆက်မည် တိုက်ပွဲ

ယုံကြည် ခွဲရစ်ခဲ့ပါတော့။

 

                မောင်လွမ်းဏီ (၇-၄-၀၈)

 

သူတို့စကား

"ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိသဖြင့် ပယ်ချခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်"

နိုဝင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ

© Copyright 1998 - 2008 Mizzima News. All Rights Reserved